3

2.5K 340 4
                                    

Unicode

ဒီနေ့ ရာသီဥတုသာယာတယ်။
ရာသီဥတု သာယာတယ်ဆိုလို့ နေပူနေတယ် မထင်လိုက်ပါနဲ့
ဝမ်ရိပေါ် အတွက်တော့ မိုးရွာနေတာ ကိုက သာယာနေတာ..

ကားမှတ်တိုင်မှာ သူရောက်နေတာ ကြာပြီ
ရှောင်းကျန့် ကခုထိရောက်မလာသေးဘူး
၁၀ နာရီအရောက်ချိန်းပြီး ၁၀:၁၅ ရှိနေပြီ။

ဒီနေ့ပိတ်ရက် မိုးလည်းရွာနေတာ မို့ မှတ်တိုင်မှာ လူသိပ်မရှိ
ခေါင်းကို သာငုံပြီး ရှေ့က မိုးစက်လေးတွေ ကြည့်နေမိသည်။

ခဏအကြာ သူ့ရှေ့မှာ လာရပ်တဲ့ ဖိနပ်အဖြူလေး
ရှောင်းကျန့် အမြဲစီးတဲ့ အဖြူရောင်
ရိပေါ် သတိထားမိသည် ရှောင်းကျန့်က မိုးရွာ တဲ့ နေ့လည်း ဖိနပ်အဖြူကို စွဲစွဲ မြဲမြဲ စီးတတ်သည်။

သူမော့ ကြည့်လိုက်တော့ အသက်ပြင်းပြင်းရှူနေကာ နဖူး၌လည်းချွေးစ လေးများအနည်းငယ် စို့နေတယ်

'ပြေးလာတာလား '

'အင်း.. စောင့်နေတာ ကြာသွားပြီလား'

'ထိုင်ဦးလေ '

သူပြောမှ သူ့ဘေးကခုံကိုဝင်ထိုင်သည်။

'စိတ်ဆိုးနေပြီထင်တာ '

'အစကတော့ စိတ်ဆိုးနေတာပဲ ခု မင်းပြေးလာတာမြင်တော့ စိတ်မဆိုးရက်တော့ဘူး '

သူရှောင်းကျန့်ကို ကြည့်ပြီးပြောနေစဥ်မှာပဲ သူ့ဘက်ကိုလှည့်ကြည့်ပြီး အပြုံးတွေက
မျက်ဝန်းတွေအထိ ပေါ်အောင် ပြုံးပြနေတယ်။

'မမေးတော့ဘူးလား နောက်ကျတဲ့ အကြောင်း '

'သူ့ကိစ္စသူ ရှိမှာပေါ့ ရောက်လာပြီပဲ အရေးမှမကြီးတော့တာ '

'ရိပေါ် တွေ့တာ ဘယ်လောက်မှ မရှိသေးပေမဲ့ မင်းကသာ ငါ့ကို နားအလည်ဆုံးလို့ခံစားမိနေတယ် '

'......'

ရိပေါ် နားရွက်ဖျားပင်ရဲလာအောင် ရင်ဘက်ထဲက အကောင်ကလည်း တဒိတ် ဒိတ်ကို ခုန်နေပြီ...
ဝမ်ရိပေါ် ဘာတွေဖြစ်နေတာလဲ?

ရှောင်းကျန့်မတ်တပ်ရပ်ပြီး ရိပေါ် ဆီ လက်လှမ်းကာ

'လာ ကားလာနေပြီ သွားရအောင် '

IF we Meet again Where stories live. Discover now