Chapter { 1 }

1.8K 89 5
                                    

အပိုင်း ( ၁ )
အဆုံးရဲ့အစ { ဝတ္ထုတစ်ပုဒ်အား ပြန်လည်အစပျိုးခြင်း }

အသက် ၂၅အရွယ် လူငယ်တစ်ယောက်အနေနဲ့တော့ ကျွန်တော်က တော်တော်ကိုလူသဘောကျစရာဘဝကိုရထားတယ်လို့ဆိုရမယ်။ မီလီယံနာသူဌေးမဟုတ်ပေမယ့်လည်း အဆင်ပြေပြီး တော်တော်ကို အလုပ်ကြိုးစားတယ့်အပြင် လူချစ်လူခင်ပေါတယ့် အဖွဲ့မှူးတစ်ယောက်ပါ။ဝင်ငွေကအသင့်အတင့်ဝင်နေတယ့်အပြင် အိမ်ကလည်း သူဌေးတွေအိမ်နီးပါးချမ်းသာတာမလို့ ဘယ်လိုပဲကြည့်ကြည့် ဥစ္စာပေါရုပ်ချောတစ်ယောက်ပေါ့။

ကျွန်တော့်ဝါသနာက စာအုပ်အဟောင်းတွေဖတ်ရတာမျိုးကိုဝါသနာပါတာ။ စာအုပ်အဟောင်းတန်းလေးထဲမယ် စာအုပ်တွေပတ်ရှာပြီး ဖတ်ရတာမျိုးကိုသဘောကျတယ်။

ထိုနေ့က ကျွန်တော့်ဘဝကို ပြောင်းပြန်လှန်တယ့်နေ့တစ်နေ့ပေါ့။ အာ့နေ့က အိပ်လိုက်စားလိုက် စာဖတ်လိုက်နဲ့ပဲ ကုန်ဆုံးသွားတယ့် ကျွန်တော့် ပိတ်ရက်ရှည်ကိုဖြတ်သန်းနေရတာပါပဲ။

ဖတ်ပြီးသားဝတ္ထုတစ်ပုဒ်ကိုပဲ ပြန်ဖတ်ဖို့ကြံနေတယ့်ကျွန်တော်ကအရာရာကို သိပ်သတိထားမိမယ့်ပုံပေါက်မှာမဟုတ်ဘူး။

စာအုပ်ရဲ့အကြောင်းအရာက ကြောင်တောင်တောင်နိုင်ပေမယ့် တပါတ်မှာ ၅ရက်လောက် စိတ်ရှုပ်စရာရုံးတက်ရက်ရဲ့ ဒုက္ခကိုခံစားထားရတယ့် ကျွန်တော့်အတွက်တော့တော်တော်သဘောကျစရာကောင်းတယ့်စာအုပ်တစ်အုပ်ပါပဲ။

ကျင့်ကြံရေးလောကနဲ့ စစ်ပွဲတွေအကြောင်းရေးထားတယ့် ၀တ္ထုတစ်ပုဒ်က သာမာန် ၂၅နှစ်အရွယ်လူတွေဆိုရင် ဒီဟာသိပ်စိတ်ကူးယဉ်ဆန်လို့ အသက်နဲ့မလိုက်ဘူးထင်မိမှာပဲ။

စာအုပ်ကိုစိတ်ဝင်တစားဖတ်နေတယ့် ကျွန်တော့်ကို လောကကြီးကသဘောမကဘူးထင်ပါရဲ့။ ရုံးကနေ ဖုန်းဝင်လာပြီး အစည်းအဝေးတယ့်လေ။

ကားကို စနစ်တကျမောင်းနေပေမယ့် လမ်းအကွေးကို တဖက်ကမောင်းလာတဲ့ ဘယ်ကကောင်လည်းမသိပေမယ့်ပေါ့။ အာ့လိုကောင်မောင်းတဲ့ ကားက ကျွန်တော့်ရဲ့ လိပ်နှုန်းမောင်းတယ့်ကားကို ဝင်တိုက်လေရဲ့။

BECOME A PROTAGONISTWhere stories live. Discover now