[ MIRACLE•I ] BAP. Chapter { 4 }

467 57 3
                                    

အပိုင်း ( ၄ )

ဆောင်ကြာမြိုင်သို့အလည်တစ်ခေါက်

အင်ပါယာတစ်ခုရဲ့ မြို့တော်လို့ဆိုရလောက်အောင်ပင် လူစည်ကားနေတာမလို့ ကျောက်စိမ်းမြို့က မြို့တော်ပီသပါပေရဲ့။မြို့ရဲ့ဈေးတန်းထဲမှာ ပွဲတော်ရက်မဟုတ်တောင် လူတွေကယောက်ယှက်ခတ်နေတာမလို့ ပွဲတော်ရက်သာဆို ခြေချင်းလိမ်နေမလားတောင်မသိပင်။

ရီရှန်းတစ်ယောက် သာမာန်လူပေါ်ကြော့သခင်လေးလိုပင် ရိုးရာဝတ်စုံ အပြာရောင်ကိုဝတ်ဆင်ထားပြီး လက်မှာလည်း နှစ်ဖက်သွားဓားရှည်အစား ယပ်တောင်ကိုသာကိုင်ထားသည်။ ကိုယ်ရံတော်ကျန်းကတော့ သူ့မူပိုင် ပုံစံအတိုင်း ဘာမှပြောင်းလဲသွားတယ်မရှိဘူး။

ရီရှန်းစိတ်ထဲ ကိုယ်ရံတော်ကျန်းကို မှတ်ချက်ပေးထားလိုက်တယ်။မျက်နှာသေနဲ့ အရယ်အပြုံးကိုမရှိတယ့်ရောဂါသည်လိုလူ ဟုပင်။

ဈေးတန်းရဲ့ဘေးဝဲယာမှာတော့ ဈေးဆိုင်ခန်းတွေတင်မက ပျံကျဈေးသည်တွေပါ အများအပြားရှိနေကြသည်။ မုန့်အချိုဆိုင်၊ ခေါက်ဆွဲဆိုင်၊ ပိုးထည်ဆိုင် စသည်ဖြင့်အမျိုးအစွားစုံလင်လှသည်။ လှည့်လည်ရောင်းတယ့် ဆီးသီးတုတ်ထိုးသည်တွေ၊ ဗေဒင်ဆရာတွေကိုလည်း တစ်ယောက်စ နှစ်ယောက်စတွေ့မိသေးသည်။

ရီရှန်းတစ်ယောက် ဟိုဟာစားလိုက်၊ ဒီဟာစားလိုက်နဲ့ နောက်ဆုံး လှည့်လည်ပြသတယ့် သိုင်းပညာရှင်လိုမျိုး ဖျော်ဖြေပွဲတစ်ခုတွေ့မှရပ်ချလိုက်သည်။

လူကြီးတစ်ယောက်မှာ ပုလွေကိုမှုတ်၍ ကောင်ငယ်လေးမှာ သိုင်းကွက်တွေကို တစ်ခုခြင်းထုတ်ပြနေသည်။

ဟော ကောင်လေးက ကျောက်တုံးကို အတွင်းအားနဲ့ခွဲပြလိုက်တော့ ကြည့်နေတယ့်လူအုပ်ကြီးက ဟေးခနဲထလက်ခုပ်တီးကြသည်။

" အကယ်လို့ ပြကွက်ကိုသဘောကျတယ်ဆိုရင် ကျွန်တော်တို့ကို ပညာဖိုးလေးတော့ပေးခဲ့ကြပါ။ "

ကောင်လေးကနောက်ထပ် တစ်ကွက်ပြီး တစ်ကွက်လုပ်ပြနေတော့ လူအုပ်ကြီးမှာ လက်ခုပ်သံတွေနဲ့ဆူညံနေတယ်။ ကလေးမလေးတစ်ယောက်က ခွက်ကလေးကိုကိုင်ရင်း လူအုပ်ကြီးကို ဖျော်ဖြေခအနေနဲ့ အသပြာတွေလိုက်ကောက်ခံနေသည်။ ကလေးမလေးကြည့်ရတာ ၁၄ ၁၅လောက်သာရှိအုန်းမည်။

BECOME A PROTAGONISTWhere stories live. Discover now