အပိုင်း ( ၆ )
နန်းတွင်းစာမေးပွဲ { ဒုတိယပိုင်း }
[ အမှတ်စာရင်းထွက်လာခြင်း နှင့် အမှုထမ်းအသစ်များ ]အချိန်တွေ တစ်ပတ်ကျော်ကုန်လွန်သွားပြီမလို့ စာမေးပွဲရလဒ်များလည်း ကြေညာပြီးပြီဖြစ်၏။ ယနေ့ ညီလာခံတွင် အမှတ်မြင့်ဖြင့်အောင်သော ကျောင်းသားများကို ဧကရာဇ်မှ ခေါ်တွေ့ပြီး ရာထူးခန့်အပ်ဖို့လုပ်နေတာဖြစ်သည်။
ကုန်းကုန်းမှ နာမည်စာရင်း အရှည်ကြီးကို ဖတ်နေရင်း တစ်ယောက်ပြီးတစ်ယောက်ခေါ်နေသည်။
" နန်းတွင်းသမားတော်ဌာန စာမေးပွဲ အမှတ်အများဆုံးဖြင့်အောင်မြင်သူ ' ချန် ' မျိုးနွယ် အမည် ' မင်ဖန်း ' ရှေ့ကိုထွက်လာခဲ့ပါ။ "
ကုန်းကုန်းရဲ့ စကားဆုံးသည်နှင့် အသက်၂၀ကျော်လောက်သာရှိ မည့် လူငယ်လေးတစ်ယောက်ရှေ့သို့ထွက်လာသည်။
ရီရှန်း လူလစ်တုန်း ခိုးပြီး သမ်းဝါး မလို့ပြင်ပြီးမှ ထိုလူငယ်လေးကိုတွေ့တော့ မြင်ဖူးသလိုလိုရှိနေလို့ သူ့ခေါင်းလေးအလုပ်ပေးလိုက်ရသည်။ ကံဆိုးသည်က ထိုလူငယ်လေးကို သူမမှတ်မိ။
" ဧကရာဇ်ကို ကျွန်တော်မျိုး ချန်မင်ဖန်း အရိုသေပေးပါတယ်။ "
လက်နှစ်ဖက်ကို ယှက်၍ ဧကရာဇ်ကို အရိုအသေးပေးလိုက်တော့ ကုန်းကုန်းကဆက်ပြီး စကားဆိုလာသည်။
" ချန် မျိုးနွယ်, မင်းကြီး၏ အမိန့်တော်အား နာခံစေ။ "
ချန်မင်ဖန်း ဒူးထောက်ကာ အမိန့်အားနာခံဖို့ပြင်လိုက်သည်။ ကုန်းကုန်းကဆက်ပြီး ထပ်ဖတ်၏။
" ယခုနှစ် ကျင်းပတယ့် နန်းတွင်းအမှုထမ်းစာမေးပွဲရလဒ်အရ ချန်မျိုးနွယ်အား နန်းတွင်းသမားတော်ဌာန၏ အလတ်တန်းအဆင့် သမားတော်ရာထူးကို ခန့်အပ်မည်။"
" ကျွန်တော်မျိုး ချန်မင်ဖန်း မင်းကြီး၏ အမိန့်တော်အား လက်ခံပြီး အစွမ်းကုန်ဆောင်ရွက်ပေးပါ့မယ်။ "
" ထလို့ရပြီ။ "
နောက်ဆုံးတော့ ဧကရာဇ်ထံကစကားသံထွက်လာလေပြီ။ ရီရှန်း သူ့ရှေ့ကနေ ထိုလူငယ်လေးထပ်ဖြတ်သွားတော့မှ ပြန်သတိရသွားသည်။
YOU ARE READING
BECOME A PROTAGONIST
Ficção HistóricaBecome A Protagonist ဇာတ်လိုက်တစ်ယောက်ဖြစ်လာခြင်း !!! Author : XiaoTaoHua Start Date : Nov 30 2020 End Date :