အပိုင်း ( ၅ )
နန်းတွင်းစာပေးပွဲ { ပထမပိုင်း }
[ စာမေးပွဲဖြေဆိုခြင်း။ ]နန်းရင်ပြင်တံခါးဖွင့်တာကို စောင့်ဖို့အတွက် နန်းတော်အပေါက်ဝမှာ လူတွေ ခြေချင်းလိမ်လောက်တယ့်အထိကို ပြည့်ကျပ်နေသည်။
သုံးနှစ်တစ်ခါကျင်းပတယ့် မင်းမှုထမ်းစားမေးပွဲမလား။ သုံးနှစ်တစ်ခါကျင်းပသည်မလို့ အမတ်ရာထူးအပြင် သမားတော်၊ စစ်ဘက်ဆိုင်ရာ ရာထူးများ စသည့် အဖက်ဘက်က ရာထူးပေါင်းစုံအတွက်လည်းဖြေရမယ့် လူတွေ များနေတာအဆန်းတော့မဟုတ်ပေ။
သားသမီးအတွက် စိုးရိမ်ကာလိုက်စောင့်သည့် မိဘများ၊ အိမ်တော် သခင်လေးများအတွက် နေရာလာဦးပေးရသည့် အစေခံများ၊ လူစားခိုးဖြေပေးရသည့် သနားစရာ ဆင်းရဲတယ့်ပညာရှင်များ အစရှိသဖြင့် စာမေးပွဲဖြေမယ့်လူငယ်တွေအပြင် အပြင်လူတွေလဲပါသေးသည်။
ထိုလူအုပ်ထဲ သနားစရာ လူငယ်လေးလဲ ရှိရှာသည်။ သူ့ခမျာ လူကောင်မသေးသလို အရမ်းလဲမထွားသည်မလို့ ပုရွက်ဆိတ်အုံလို ပြည့်ကျပ်နေတယ့်လူအုပ်ထဲ သခင်လေးခမျာ ယက်ကန်ယက်ကန်နဲ့ လူအုပ်ကြီး၏ တိုးကြိတ် တွန်းထိုးတာခံနေရသည်။
ဒီဘက် ကာလတွင်မူ စာမေးပွဲအတွက် စာမေးပွဲဖြေဖို့နေရာဦးရသည်။ မဦးလျှင် လူပြည့်ပါက နောက်သုံးနှစ်စောင့်ရမည်ဖြစ်သည်။ မည်သူကမှ သုံးနှစ်ထပ်ပြီး စာမကျက်ချင်ပေ။ ထိုအတွက် အိမ်ရဲ့အာဏာသုံးကာ နေရာဦးကြသည့်သခင်လေးများလည်းရှိပေသည်။
ခင်ဗျားတို့ရော နေရာမလောက်သည့်ကိစ္စလေးကြောင့် စာသုံးနှစ်ထပ်ပြီး ကျက်ချင်ပါ့မလား။ မကျက်ချင်ဘူးမလား။
ထိုကဲ့သို့ပင် ဒီလူအုပ်ကြီးလဲ စာမကျက်ချင်တာကြောင့် အဲ့သလို တံခါးနားတိုးကြိတ်နေရှာသည်။စာမေးပွဲ စီစစ်ရသည့်အမတ်က အချက်ပေးတာနဲ့ တပြိုင်နက် တံခါးဝမှာစောင့်နေရတယ့် နန်းတွင်းရဲမက်များက တံခါးကိုဖွင့်ပေးလိုက်သည်။
တစ်ခါထဲ လူအုပ်ကြီးက အတင်းတိုးကြိတ်ပြီး လူသုံးယောက်ခန့်သာဆန့်တယ့် အကျယ်လောက်သာရှိသော တံခါးပေါက်ထဲ တိုးဝင်သွားကြသည်။ ဒါက အထူးအဆန်းတော့မဟုတ်ပေ။ ဖြစ်လေ့ဖြစ်ထရှိတယ့် ကိစ္စတစ်ခုလိုပင်ဖြစ်နေသယောင်ပေ။ ခုနကသခင်လေးခမျာ လူအုပ်ကြီးရဲ့ တိုးကြိတ်မှုကြောင့် ယက်ကန်ယက်ကန်ဖြင့်ပေ တံခါးနားရောက်လာပြီး ဝင်နိုင်ခါနီးတွင် ကံဆိုးကာ တံခါးအောက်ခါးပန်းနဲ့ တိုက်မိပြီး လဲကျမလိုဖြစ်သွားရှာသည်။
![](https://img.wattpad.com/cover/214241304-288-k903331.jpg)
YOU ARE READING
BECOME A PROTAGONIST
Historical FictionBecome A Protagonist ဇာတ်လိုက်တစ်ယောက်ဖြစ်လာခြင်း !!! Author : XiaoTaoHua Start Date : Nov 30 2020 End Date :