အချစ်နဲ့တွေ့တဲ့အခါ လူတွေက ရူးသွပ်ကုန်ကြတယ်တဲ့။
ဒါဆိုရင်.....
ရူးသွပ်နေတဲ့လူတွေကော ....
အချစ်ကိုတွေ့နိုင်လား။အဖြူရောင်တွေပဲသုံးထားတဲ့ဆေးရုံခန်းရဲ့ ခုတင်ပေါ်မှာ
သူက ထိုင်နေတယ်။ ညိုနေတဲ့ မျက်လုံးအောက်နားတွေနဲ့အတူ သူက တောင်ကြည့် မြောက်ကြည့်နဲ့။" ရိပေါ် ...."
ဘေးနားက ဆရာဝန်ကြီးက သူ့ရဲ့ အမည်နာမကိုခေါ်တော့ သူလှည့်ကြည့်တယ်။
" ဆရာနဲ့ စကားနည်းနည်းပြောမယ်နော် "
ရိပေါ်က တစ်ခဏကြာတော့မှ ခေါင်းခါပြတယ်။
သူစကားမပြောချင်ဘူးဆိုတဲ့သဘော။" ရိပေါ် ဆရာမေးတာတွေဖြေရင် ဘေးအခန်းက
ကောင်လေး ဘယ်ရောက်သွားလဲဆိုတာ ဆရာပြောပြမယ်လေ "ဆရာဝန်ရဲ့စကားကြောင့် ရိပေါ် မျက်လုံးတွေက အရောင်လတ်လာတယ်။ ခေါင်းကို အထပ်ထပ်အခါခါ ငြိမ့်ပြတယ်။
" ရိပေါ် ဒီစာရွက်ပေါ်မှာ ပုံတစ်ပုံဆွဲရင်း ဆရာမေးတာ
ဖြေနော် "" ရိပေါ်အိမ်ပြန်ချင်လား "
ပုံငုံ့ဆွဲနေရင်း ရိပေါ်က ခေါင်းခါပြတယ်။
" ဘာလို့လဲ "
" သူ့ကို စောင့်နေရမယ် "
ဆရာဝန်ကြီးက သက်ပြင်းချရင်း ဆက်မေးတယ်။
" ရိပေါ် ဒီကိုမရောက်ခင်က ဘာတွေလုပ်ခဲ့လဲ "
" မသိဘူး "
ရိပေါ်က ပုံကိုသာ ငုံ့ဆွဲနေတုန်းပဲ။
" ဘာလို့မသိတာလဲ "
" မမှတ်မိဘူး "
" အင်း....ဒါဆို ရိပေါ် ဘာမှတ်မိလဲ "
" ပြေးနေတဲ့လူတစ်ယောက်...."
" သူက ကျွန်တော့ကို ဝင်တိုက်သွားတယ် "
" အဲ့ဒီလူက ဘယ်သူလဲ မှတ်မိလား "
ရိပေါ်က ခေါင်းခါပြတယ်။ သူတကယ်မသိတော့ဘူး။
ဝင်တိုက်ခံရတာကို မှတ်မိနေပေမယ့် အဲ့လူကို သူသတိမရတော့ဘူး။" ရိပေါ် အခု ဘာဖြစ်ချင်လဲ "
ရိပေါ်က ငုံ့နေရင်းကနေ ဘေးက နံရံကို ကြည့်တယ်။
KAMU SEDANG MEMBACA
Fool In Love [ one shot ]
Fiksi PenggemarDoes love make one a fool or Do only fools fall in love ?