လူထူးလူဆန်းဆိုတဲ့ဂုဏ်ပုဒ်နဲ့ညီအောင် ဘယ်သူမှစိတ်မဝင်စားတဲ့ စာတွေကို ရေးချင်တယ် ဖတ်ကြည့်ရင်တော့သေချာပေါက်အကျိုးရှိတာပေါ့ ကျွန်တော့်အဖြစ်က ဟိုစာအုပ်ထဲကလိုဖြစ်နေပြီ
တခါက သတင်းစာမှာ ဆောင်းပါးရေးတဲ့သူ တစ်ဦးရှိတယ်
သူက အလုပ်တွေအများကြီးလုပ်တယ် အထူးသဖြင့် အောင်မြင်ရေး(တက်ကျမ်း)တွေ ရေးရတာ ဝါသနာထုံတယ် ဒါပေမဲ့ သူက "လေ"ချည်းထွားတာမဟုတ်ဘူး သူ့ဆောင်းပါးတွေမှာ ပညာရပ်တွေအကြောင်း အသေးစိတ်လေ့လာပြီး ဖော်ပြခဲ့တာပဲ…ဒါပေမဲ့ သူ့ဆောင်းပါးပါတဲ့သတင်းစာက ဟိုသတင်းစာလောက် ရောင်းအားမကောင်းဘူး
ဟိုသတင်းစာ ဆိုတာ "အောက်လုံး"တွေရေးပြီး ဟာသထုတ်ထားတဲ့ ဘာအဆီအနှစ် ဘာတိုးတက်မှုမှမရတဲ့ ဆောင်းပါးပါတဲ့ သတင်းစာ
အဲ "အောက်လုံး " ဆောင်းပါးရေးသူက ကျွန်တော်နဲ့တိုက်ခန်းကပ်ရပ်ဗျ
ုသူက ဘာမှ အားထုတ်စရာလိုဘူး (ကျွန်တော်လို ဆောင်းပါးတစ်ပုဒ်အတွက် အများကြီး လေ့လာစရာမလို )
"တထိုင်ထဲရေး တစ်ခါတည်းအပ်" ဆိုတာ သူ့စနစ်
ဒါပေမဲ့ သူ့ရဲ့စာတွေကြောင့် သူက နာမည်ကြီးဗျ
သတင်းစာရောင်းအားကလည်း ကောင်းဗျာ
သူတို့ သတင်းစာက အလကားဝေနေတဲ့အတိုင်းပဲအမှန်တိုင်းပြောရရင် ကျွန်တော် နည်းနည်း မကျေမနပ်ဖြစ်မိတယ်ဗျ
ဒါက စိတ်ထဲ တနုပ်နုပ်ပဲ
ဘယ်နယ်ဟာပါ့လိမ့်
လူတွေက ဖတ်လိုက်ရင် သေချာပေါက် အကျိုးဖြစ်မဲ့ ငါ့ဆောင်းပါးကျ လျစ်လျူရှုထားတယ် ဘာမှမရတဲ့ ဒီလိုဟာချည်းကျ ကြိုက်တယ် ဘယ်လိုပါလိမ့်နဲ့ စိတ်ထဲဖြစ်နေတော့တာပဲဒါနဲ့ ကျွန်တော့်ဆရာဆီ ဖွင့်ပြောမိရော
ဆရာက ဝါးလုံးကွဲ ထရယ်တယ်
ပြီးတော့ ဆရာက လူ့သဘောမနောကို ကျွန်တော့်ကို သင်ပြတယ်
မင်းကွာ ခက်ရချည့်
မင်းတို့သတင်းစာတွေဖတ်တဲ့လူတွေက အခြေခံလူတန်းစားတွေ
အခြေခံလူတန်းစာဆိုတာက အများအားဖြင့် ပညာမတတ်ဘူးကွ ပညာလိုချင်စိတ်လည်း နည်းပါးတယ်
YOU ARE READING
မြန်မာစာပေအခြေခံမှ ရသစာပေသို့
Non-Fictionအခုမှစပြီး စာရေးချင်တယ် ဘာမှလည်း မသိသေးဘူး ဆိုတဲ့သူတွေအတွက် ရသနယ်ပယ်ကို သွားတဲ့အခါ ဒီစာအုပ်လေးက လှေကားထစ်ဖြစ်စေဖို့ ရည်ရွယ်ပါတယ်