သရုပ်ဖော်ရေးသားခြင်း

1.2K 249 16
                                    

ဒီတစ်ခါ သရုပ်ဖော်ရေးသားခြင်း အကြောင်းပြောပြချင်ပါတယ်…

   ဘာလို့လဲဆိုတော့ " ငါပြောချင်တာကို ပုံပေါ်အောင် မရေးတတ်ဘူး စာဖတ်သူမျက်လုံးထဲ မြင်ရဲ့လား"မျိုးတွေ ကြားရပါတယ် ဒါကြောင့် ကိုယ်သိသလောက်ပြန်လည်ဝေမျှမိတာပါ…

တကယ်လည်း ကိုယ်လိုချင်တဲ့ အနေအထားရောက်အောင် စာလုံးတွေနဲ့ပုံဖော်ရတာ မလွယ်ပါဘူး အရမ်းခက်ပါတယ် စိတ်ရှည်လက်ရှည်ကြိုးပမ်းရမှာပါ ပညာရပ်တစ်ခုဖြစ်တဲ့အတွက် လွယ်လွယ်လေးတော့ တတ်လိမ့်မယ်မထင်ပါနဲ့

(1)ဥပမာပြု၍သရုပ်ဖော်ခြင်း

ဒီတစ်ခါ ဥပမာအနေနဲ့ ဆရာကြီးရွှေဥဒေါင်းရဲ့အရေးအသားထဲက ထုတ်နုတ်ပြပါ့မယ်…

ငယ်ငယ်ဝဝကစ်ကစ်လေးဖြစ်ပြီး အရွယ်ရောက်လာတဲ့အခါ အရပ်ရှည်ထွက်ပြီး ပိန်သွယ်သွယ်ဖြစ်လာတာမျိုးကို ပုံဖော်ဖူးကြမယ်ထင်ပါတယ်…

ဆရာကြီးက

"ဆေးလိပ်လိပ်သူက ဆေးခုံပေါ်တင်၍  ဆေးရွက်အား လိပ်လိုက်လျှင် ဖောင်းရမှ ရှည်ထွက်လာပြီး ပိန်သွားသကဲ့သို့ ကျွန်ုပ်သည်လည်း ငယ်စဉ်က ဝဝဖောင်းဖောင်းလေးနေရာမှ အရပ်ရှည်ပြီးပိန်သွားသည်"

ကဲ ဘယ်လောက်ထိမိပြီး မြင်သာတဲ့အသုံးနှုန်းလဲ

ဆရာကြီးရေးတဲ့အတိုင်း အတိအကျတော့မဟုတ်ဘူး ပြန်ကြည့်ဖို့မလွယ်လို့ပါ အတိအကျက ပိုမိုက်တယ် ပိုထိမိတယ်ဗျ

ဒီလိုပဲ ကိုယ်ဖော်ပြချင်တာကို ဥပမာနဲ့ယှဉ်တွဲခိုင်းနှိုင်းပြီး ရေးသားလို့ရပါတယ် ကျွန်တော့်ရဲ့မတင်ရသေးတဲ့ ဝတ္ထုတစ်ပုဒ်မှာဆိုရင်

' တောင်တန်းကဲ့သို့ အားကောင်းသောမျက်ခုံး , ချိန်ရွယ်ထားသောမြားတစ်စင်းကဲ့သို့ ပိရိနေသော နှုတ်ခမ်း '

ဒါမျိုးနဲ့ ပုံဖော်ပါတယ်

(2)ဂုဏ်ရည်တွဲ၍ဖော်ပြနည်း

နောက်တစ်ခုက ဂုဏ်ရည်နဲ့ယှဉ်တွဲဖော်ပြပြီး သရုပ်ဖော်နည်းပါ

အားလုံးသိတဲ့ စကားစုနဲ့ ပြန်ပြောပြပါမယ်

' ဘုန်းနှင့်ကံနှင့်ရွှေသဇင်'

မြန်မာစာပေအခြေခံမှ ရသစာပေသို့Where stories live. Discover now