Yi of Light
(Part 1) (Unicode)
´´ဟေ့ကောင် ပေါ်ကြီးရေ သွားရအောင်ဟိုမှာ စောင့်နေပြီ
အေးပါ လာပါပြီကွ ဒီတစ်ခါလောင်းကြေးကဘာလဲ
ကြေးမြင့်မှနော်မမြင့်ရင် စိတ်မဝင်စားဘူး
ဒီတစ်ခါ အမြင့်ဆုံးပဲကွ
ဟုတ်လား ဘယ်လောက်လဲ´´
''ငါ့အစ်ကို တဝမ်းကွဲတစ်ယောက်ကိုကွာ အမြဲနှောင့်ယှက်နေလို့ အဲ့ဒါမနှောင့်ယှက်ဖို့ပြောတာ
ငါတို့ဆိုင်ကယ်ပြိုင်မှန်းသိလို့ သူကဒါနဲ့စိန်ခေါ်ပြီးလောင်းကြေးထပ်တာ
ဒါကြောင့်မင်းကိုလာခေါ်တာ မပါမဖြစ်လေ မင်းပါရင်သေချာပေါက်နိုင်မယ်ဆိုတာယုံကြည်တယ်´´
''သိတယ်မလား ဟေ့ကောင် ပေါ်ကြီးရဲ့တစ်ပေါ်ပဲ ရှိတယ်´´
''ငါနိုင်အောင်ကြိုးစားပေမယ် ဒါပေမယ့် ငါကျဘာပြန်ရမှာလဲ´´
''ငါ့အစ်ကို ဝမ်းကွဲ မင်းယူလိုက်ပေါ့ကွာ ဟိုကောင်ကိုမပေးနိုင်ပေမယ့် မင်းနဲ့တော့သဘောတူတယ် ဟားဟားဟား´´
''ပေါက်ကရတွေမပြောနဲ့ Boy to boy ချင်းကို ငါကဘာလုပ်ရမှာလဲ ငါက ကိတ်ပြီးလန်းနေမှ စိတ်ဝင်စားတာကွ´´
''အေးပါကွာ အခုတော့သွားကြမယ်´´
.............................................................
''ဝမ်ချောင် ကို အနိုင်ရလိုက်တာ အားရတယ်ကွာ ကျေနပ်တယ် အခုမှပဲစိတ်ချမ်းသာသွားတော့တယ် ငါ့အစ်ကိုအတွက်ပါ စိတ်အေးရပြီ´´
''နေပါဦး ဝမ်နင် က မင်းက မင်းအစ်ကို အတွက်ဆိုင်ကယ်ပြိုင်ပွဲလုပ်ပြီး ကာကွယ်ပေးနေရအောင်
မင်းအစ်ကိုကလဲ ယောကျ်ားလေးပဲ မဟုတ်ဘူးလား
သူ့ကိုယ်သူမကာကွယ်တတ်ဘူးလား
ဝမ်ချောင်ကလဲ မိန်းမမဟုတ်ပဲ ယောကျာ်းလေးကို စိတ်ဝင်စားတယ်တဲ့
ဒီကောင် လွတ်နေပြီထင်တယ်´´
''ဟာ ရိပေါ် မင်းကလဲပြောလိုက်ရင် တအားပဲ
ငါ့အစ်ကိုရှောင်းကျန့် က အရမ်အေးဆေးတဲ့သူကွ
သူ့ဘာသာ ပန်းချီဆွဲတယ် စာဖတ်တယ်
