05 Cooking ( Z & U)

12.3K 2K 13
                                    

-Chapter 5: Cooking

အခန်း၅ ချက်ပြုတ်ခြင်း

"မရီး ညစာအရင်သွားစားပါလား ကျွန်တော်ကြည့်ပေးထားမယ်"

" မင်းကိုပဲ ဒုက္ခများစေတော့မယ် " မရီးLin က မီးဖိုချောင်ကို ထွက်မသွားခင် သူ့မျက်ရည်တွေသုတ် မတ်တပ်ရပ်ကြည့်ပြီး ခေါင်းညိမ့်ပြသွားသည်။

Lin Mo က အချိန်အတန်ကြာသည်အထိ မတ်တပ်ရပ်နေပြီး ခွေးချေပေါ်မှာ သွားထနုင်ကာ မီးနဲ့ အပူပေးထားတဲ့ ဆေးကြိုအိုးကို ကြည့်နေသည်။

ညဉီးပိုင်းမှာ Lin Mo အိပ်ယာပေါ်မှာ လှဲလျောင်းကာ အခန်းအပြင်က တီးတိုးသံတွေ တိတ်သွားသည်အထိ နားထောင်နေသည် Lin Mo အများကြီးတွေးနေသည် သို့သော် သူအခြားတစ်နေရာကို တွေးလိုက်လျှင် ပထမတွေးထားတာက ဖုံးကွယ်သွားသည် သူက အိမ်အပြင်က နွားခြံကနေနွားအော်သံကို ကြားရသည်အထိ တစ်ညလုံး တွေးနေသည်

Lin Mo မျက်စိမှတ်လိုက်ပြီး စိတ်စွမ်းအင်ကွင်းပြင်ထဲ ဝင်ကာ စိတ်စွမ်းအင်ရေ သောက်လိုက်သည် တစ်ညတာ ပင်ပန်းမှုတွေအပြီးမှာ Lin Mo ၏ တင်းကြပ်မှုတွေ ချောမွေ့သွားခဲ့သည်

မနေ့က သူပစ်ထဲ့တဲ့ ခရမ်းချဉ်ကိုင်းတွေက မြေပြင်ပေါ်မှာပဲ ရှိသေးသည်။ Lin Mo ဆောင့်စောင့်ထိုင်ချကာ နွယ်ပင်တွေကို စိုက်ဖို့အတွက် မြေကျင်းလေးတွေ တူးလိုက်သည်။ သူ့လက်နဲ့ စမ်းရေတွေကို သယ်လာပြီး ရေလောင်းလိုက်သည်။ Lin Mo ငြိမ်ငြိမ်လေး ဆောင့်စောင့်ထိုင်ပြီးကြည့်နေတော့ သိပ်မကြာခင်မှာပဲ အကိုင်းတွေက အတက်ထွက်လာတဲ့ အမြန်နှုန်းက ပင်ကိုမျက်လုံးတောင် မြင်နိုင်ကာ အဲဒါလေးတွေက အစိမိးရောင်အရွက်များအဖြစ် ပြောင်းလဲသွားသည်။

သူ့ပန်းတိုင်ကိုရောက်ရှိသွာတဲ့ Lin Mo က လေ့လာမှုတွေ ဆက်မလုပ်တော့ပေ သူ့စိတ်စွမ်းအင်ကွင်းပြင်ထဲ ထွက်လာပြီးနောက် အိပ်ယာပေါ်မှာ ခဏလှဲနေလိုက်သေးကာ အပြင်ဘက်က လှုပ်ရှားသံတစ်ခုကြားမှသာ ထလိုက်သည်

Lin Mo အခန်းတံခါးဖွင့်ကာ အပြင်ကိုထွက်ခဲ့တော့ သူ့မရီးတစ်ယောက်ထဲကိုသာတွေ့လိုက်ရသည် ဒီတစ်ကြိမ်ကတော့ မီးဖိုထဲမှာ ဆေးကြိုနေသည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now