18 Do You Like Mo'ger? (Z & U)

9.9K 1.7K 18
                                    

Chapter 18: Do You LikeMo'ger?

အခန်း ၁၈ မင်း Mo'ger ကို သဘောကျလား?

Lin Mo ပင့်သက်ရှိုက်မိသည်။ သူ့ခြေထောက်တွေက သံကြွပ်ကဲ့သို့ လေးလံနေသော်လည်း သူမရပ်ရဲပေ။ သူတို့ကို အခု သူဘယ်လိုမျက်နှာချင်းဆိုင်ရလဲ သူမသိခဲ့။

အရင်ဘ၀တုန်းက....သေတယ်......Lin Mo ကူးပြောင်းလာတာ...

Lin Cheng က ပြန်လည်မွေးဖွားလာသည်......သူတို့တွေက အတိတ်မှာ သေဆုံးခဲ့ပြီး... Lin Mo ကကူးပြောင်းလာတာ

Lin Mo ရှေ့ဆက်ပြေးနိုင်ဖို့ကို အကောင်းဆုံးကြိုးစားခဲ့သည်။ သူက အရပ်မျက်နှာကို ဂရုမစိုက်ခဲ့သော်လည်း သူက မသိလိုက်မသိဘာသာပဲ အကျွမ်းတ၀င် ရှိသော နေရာတစ်ခုကို ပြေးမိသွားသည်။ Lin Mo မပြေးနိုင်တော့ချိန်ရောက်တော့ သူမြေကြီးပေါ် လဲကျသွားသည်။ တွေဝေမိန်းမောနေချိန်တွင်သူက ဒါ သစ်သီးခြံမှန်း သိနေသည်။

Lin Mo ထပ်ရပ်ဖို့ ကြိုးစားလိုက်သည်။ သူ့တံတွေးကိုပင် မမျိုချနိုင်လောက်အောင်ကို သူ့လည်ပင်းက အရမ်းခြောက်သွေ့နေသည်။

"အဟွတ်...အဟွတ်...." Lin Mo လက်တစ်ဖက်က သူ့လည်ချောင်းကို ဖုံးအုပ်ပြီးတော့ သစ်သီးခြံအတွင်းပိုင်း အထိ ရောက်အောင် တိုးဝင်သွားသည်။ သူတို့ မတွေ့နိုင်ဘူး... Lin Moတွင် အခုချိန်မှာ သူတို့တွေကို ရှောင်ရှားရမည်ဆိုသော အသိတစ်ခုသာ ရှိနေသည်။

"...အဟွတ်...ဝေါ့..အဟွတ်...." Lin Mo သူ့ပါးစပ်ကို ဖုံးအုပ်လိုက်သည်။

အဝေးကနေ လာနေသာ ခြေသံတွေ သူကြားမိသည်ဟု ထင်လိုက်သည်။ Lin Mo သူ့နှလုံးက တင်းနေသလို ခံစားရကာ သူ့ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး ရှေ့ဆက်သွားသည် သို့သော်လည်း သူ့မျက်ခွံတွေက မျက်ရည်များကြောင့် စိုနေကာ သူ့မျက်လုံးတွေက ၀ါးနေသည်။

နောက်တစ်စက္ကန့်တွင် Lin Mo ကျိုးပဲ့နေသော သစ်သီးကိုင်းများကို နင်းမိပြီး ရှေ့ကို လဲကျသွားသည် ။ "ဝေါ့.."

Lin Mo က သူ့ပါးစပ်ထဲမှာ အနံ့ချိုချိုတစ်ခုရပြီးတော့ အန်ချင်လာကာ သူကမျက်လုံးတွေက မှုန်ဝါးလာသည်။

Cheng Yan က လေးနှင့် မြှားကို ကျောတွင် ပိုးကာ တောင်ပေါ်မှ ဆင်းလာသည်။ ဒီနေ့ သူ့ကံမကောင်းပေ သူ့ဘာ သားကောင်မှ မရခဲ့။ လမ်းကြောင်းတစ်လျှောက် လျှောက်ပြန်လာစဉ် သူကဘယ်ဘက်ကနေ အနည်းငယ် အကျွမ်းတ၀င်ရှိသော အသံများ ကြားလိုက်ကြသည် ပြီးတော့ အဲဒါက Lin မိသားစု ပိုင်သော သစ်သီးခြံမှန်းလဲ သူမှတ်မိသွားသည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now