Rosé POV"မရဲ့ Gummy smileလေးတွေနဲ့ပြုံးပြတာကို မြင်ချင်သေးတယ်။
ဟူး..........အရမ်းလွမ်းတယ်ကွာ"
ဒီနေ့နဲ့ဆို သူ ကျွန်မဆီကထွက်သွားခဲ့တာ တစ်နှစ်တောင်ပြည့်ခဲ့ပြီ။
တကယ်တော့ ကျွန်မအမှားပါ။
အနားမှာရှိနေတုန်းကကျ တန်ဖိုးမထားမိခဲ့တာပဲ။
နောင်တဆိုတာမျိုးက နောင်မှရသလိုမျိုး...
အခုတော့ မ ကို အရင်ကလို အနားမှာပြန်ရှိစေနေချင်တယ်။ဒါကလည်း ကျွန်မရဲ့မပြည့်နိုင်တဲ့ တောင်းဆုကြီးတစ်ခုပါ။
မပြည့်နိုင်မှန်းသိနေလည်း ဆုတောင်းနေမိတုန်းပါပဲ။
ဘယ်ချိန်ထိဆုတောင်းနေဦးမှာလဲဆိုတော့..
မ ကျွန်မနားပြန်ရောက်လာတဲ့အချိန်ထိဆုတောင်းနေဦးမှာ*Ph rings*
"Hello"
"ဟဲ့....နင်အိမ်တွင်းအောင်းနေပြန်ပြီလား"
"အင်း...ဘာကိစ္စရှိလို့လဲ။"
"ဘယ်ချိန်ထိ ဒီလိုကြီးနေနေမှာလဲဟာ"
"........."
"Chaeyoung!!!"
"ငါ့မှာအဖြေမရှိဘူး။ နင်မေးနေလည်းအပိုပဲ"
"Jennie unnieက နင့်ကြောင့်ထွက်သွားတာလေ။ အဲ့တာကို နင်ကဘာလို့အခုလိုကြီးဖြစ်နေရတာလဲ။အနားမှာရှိတုန်းက နင်ပဲလျစ်လျူရှုခဲ့တာလေ...အဲ့တာကို ဘာလို့......"
"တော်ပါတော့။ တော်ပါတော့ Lalisaရယ်။ ငါလည်းနောင်တရနေမိပြီ။ အခုချိန်မှာ....အခုချိန်မှာ မကို ငါ့အနားမှာပြန်ခေါ်ထားချင်တာပဲသိတယ်"
"အဲ့ဒါကတော့"
"တော်ပြီဟာ။ ငါဖုန်းချလိုက်တော့မယ်"
Lisa's POV
"ဪ..... Chaeyoung... Chaeyoungအရင်တုန်းက လျစ်လျူရှုခဲ့တာသူမဟုတ်တဲ့အတိုင်းပဲ။ နင့်အစားငါရင်မောတယ်"
..............
Jennie's POV
"ကျွန်မ ကိုရီးယားကထွက်လာတာ ဒီနေ့နဲ့ဆို တစ်နှစ်တောင်ကျော်ခဲ့ပြီ။
အတိတ်ကအကြောင်းကို ဒီတစ်နှစ်အတွင်းမှာမေ့ဖျောက်ခဲ့ရတယ်။လွမ်းလားဆိုတော့ လွမ်းတာပေါ့။ ကိုယ့်အမိမြေကြီးလေ။ ကိုယ်ငယ်ငယ်လေးကတည်းကကြီးပြင်းခဲ့တဲ့နေရာ။ အမှတ်တရတွေအများကြီးရှိခဲ့တဲ့နေရာ။
YOU ARE READING
J: I Dare U To Come Back To Me
Fanfiction"ပြန်လာပါ...ပြန်လာခဲ့ပါ။ အရမ်းလွမ်းနေပြီမို့ အရမ်းဖက်ထားချင်နေပြီမို့ ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး..ကျွန်မရင်ခွင်ထဲပြန်လာပေးပါ"