3️⃣

957 97 18
                                    

"Taxi...Taxi"

"မ...အာ ဆောရီး Jennie Kim ကိုတစ်ယောက်တည်းပြန်လွှတ်လိုက်ရင် ကျွန်မကို CEOဆူလိမ့်မယ်။
ကျွန်မ သူများအပြောတော့မခံနိုင်ဘူး။
အဲ့တော့ ကျွန်မနဲ့လိုက်ခဲ့ပါ"

ပြောတာကိုနားမထောင်ပဲ Taxiကိုဆက်တားနေတာကြောင့်

"Jennie Kim....ကျွန်မတောင်းဆိုတာပါ။ လိုက်ခဲ့ပေးပါ"

"ကောင်းပြီလေ"

ကားပေါ်ရောက်တော့
ခါးပတ်ပတ်ပေးဖို့ Jennieနားမပြောမဆိုကပ်လာတာကြောင့်....

"မင်း...မင်းဘာလုပ်မလို့လဲ"

"ဘာလုပ်မယ်လို့ထင်လို့လဲ"
မျက်နှာနှစ်ခုကြားအကွာအဝေးမှာ သိပ်မဝေးတော့။
တစ်ယောက်ရှူထုတ်လိုက်တဲ့လေနွေးနွေးက တစ်ယောက်မျက်နှာပေါ်သို့။

"စိတ်ချပါ။ ကျွန်မ နောက်တစ်ခါ ပါးရိုက်ခံရမယ့်ကိစ္စမျိုးမလုပ်ပါဘူး"

*ဂျလောက်*

"ဒီမှာ...တွေ့လား ခါးပတ်ပတ်ပေးတာ"

"မလိုပါဘူး။ ကျွန်မဘာသာပတ်လို့ရတာပဲ"

"စေတနာနဲ့ပါ။ အရင်လိုJennie Kimကိုချစ်လို့ ဂရုစိုက်ပြီးလုပ်ပေးတာမဟုတ်ပါဘူး"

ဘယ်ရမလဲ။ Park Chaeyoungပဲလေ။
ဟင်းဟင်း.......တွေ့တွေ့ချင်း ပါးရိုက်ခံရလိုက်လို့ နည်းနည်းစိတ်တိုမိသည်။
ဘယ်လောက်ပဲ ကိုယ့်ဘက်က သူမကိုပဲချစ်နေတုန်း‌ပဲဆိုဦး
အခုချိန်မှာ သူမကပြတ်ပြတ်သားသားဆက်ဆံနေတော့လည်း
ပြတ်သားပြရမှာပေါ့။
              ဟန်ဆောင်ပြီးတော့.........

____________

"Appa...ဘာလို့Jennie Kimက ဒီ‌တစ်ခေါက်လုပ်မဲ့ပရောဂျက်မှာ ကျွန်မရဲ့ပါတနာ...ဖြစ်နေတာလဲ"

"ကျွန်မကန့်ကွက်တယ် Appa.."

"Park Chaeyoung...မင်းကို အလုပ်ချိန်မှာ CEOလို့ခေါ်ရမယ်လို့ပြောထားတာမေ့သွားပြီလား"

"ဒါ‌..ဒါပေမဲ့"

"မင်းပါးစပ်ပိတ်နေ..Jennie Kim shi ဦးလေးကပဲ အနူးအညွတ်တောင်းဆိုပါတယ်။ သမီးတို့နှစ်ယောက်ကြားဖြစ်ခဲ့တဲ့ကိစ္စတွေကို အလုပ်ထဲဆွဲမထည့်စေချင်ဘူး။"

J: I Dare U To Come Back To MeOpowieści tętniące życiem. Odkryj je teraz