2️⃣

1K 86 17
                                    

"အနားကထွက်သွားအောင်ပြုလုပ်ခဲ့တာ
ကိုယ်ဖြစ်နေသလို...
မထွက်သွားစေချင်တာလည်း
ကိုယ်ပဲဖြစ်နေပြန်တယ်"

°°°°
Rosé P.O.V

"Hello, Chaeng ya..နင်ဘယ်ရောက်နေ....."

"ဟုတ်ကဲ့။ ဒီဖုန်းပိုင်ရှင်က (...) Barမှာပါ။ အခုလုံးဝမှောက်သွားလို့။ အဲ့တာ ကျွန်တော်တို့ဖုန်းဆက်လိုက်ရတာပါ။"

"ဟုတ်ပြီ။ ဟုတ်ပြီ။ ကျွန်မလာခဲ့မယ်။ သူ့ကိုသေချာကြည့်ပေးထားပါဦးနော်"

ခက်လိုက်တာ Chaeng ရယ်
အရမ်းခေါင်းမာတဲ့လူသားကိုပြဆိုရင် နင့်ကိုပဲပြရတော့မှာပဲ။
ကိုယ့်ကိုဂရုစိုက်ချစ်ပေးတဲ့သူအနားမှာရှိနေတုန်းက လျစ်လျှူရှုခဲ့ပြီး
အနားမှာမရှိမှ ပြန်လိုချင်နေရတဲ့ နင့်ကိုတကယ်နားမလည်တော့ဘူး Chaeng

"Ya..yaသတိထားဦး"
Lisaတစ်ယောက် Chaeyoungကို Barမှပြန်ခေါ်လာခဲ့သည်။ အခုလည်း သူမအခန်းထဲပို့မည်လုပ်နေသည်ကို Park Chaeyoungကယိုင်တိယိုင်တိုင်နဲ့ သူ့ကိုမထိနဲ့ မကိုင်နဲ့ တစ်ယောက်တည်းသွားပါ့မည်လုပ်နေသည်။
မထိန်းပြန်ရင်လည်း မနက်ရောက်ရင် Chaeyoungမျက်နှာဖူးယောင်နေမှာသေချာသည်။

*အင့်*

"ဖြည်းဖြည်း‌ချပါဟ"

"‌ဪ....တော်သေးတာပေါ့။ နာရကောင်းမှန်းသိလို့"

Lisaစကားပြောနေတုန်း ဆက်ခနဲ အိပ်ရာကထကာ ယိုင်တိယိုင်တိုင်ဖြင့် အခန်းပြင်သို့ထွက်ရန်ပြင်လေသည်။

"ဒါကဘယ်လဲ"

"ဆိုဂျူသွားယူမလို့"

"Ya!!!"

"Wae..wae..ဘာလို့အခုထိသူ့အကြောင်းတွေပဲခေါင်းထဲရောက်နေတာလဲ wae??"
ရုတ်တရက်ထအော်ကာငိုနေတဲ့ Chaengကြောင့်ကြောင်သွားကာ

"မငိုပါနဲ့တော့ဟာ။ နင်ပင်ပန်းမှာပေါ့"

"Lisa ya....ငါ...ငါလေ မကိုပြန်လိုချင်တယ်။ အရင်လို မ နားရှိနေချင်တယ်ဟာ။ ငါဘာလုပ်ရမလဲဟင်...ဟင်လို့"

"ဟူးးး...အဲ့တာက"

"ငါဘာလို့များ မ ကိုလျစ်လျူရှုခဲ့လဲမသိဘူး။ haha ငါတော်တော်စောက်သုံးမကျတာပဲ"

J: I Dare U To Come Back To MeHikayelerin yaşadığı yer. Şimdi keşfedin