"Julia....ဗိုက်ဆာပြီလား။ ခဏနော်...Honeyဒါလေးလုပ်ပြီးသွားရင်ပြီးပြီ"
"ဖြည်းဖြည်းလုပ်ပါ Honey..Juliaဘာသာလျှာရှည်ပြီးလိုက်လာခဲ့တာကို ဟီး။ ဖြည်းဖြည်းလုပ်"
မိနစ်အနည်းငယ်ကြာပြီးနောက်....
"Honeyပြီးပြီ။ ထ နေ့လည်စာသွားစားရအောင်"
ပြောရင်း Juliaလက်ကိုကိုင်ကာ သွားမည်အလုပ်
"Kim Jennie...ဒါကြီးကဘယ်လို Designကြီးလဲ။ ကျွန်မပြောသလိုလဲမဟုတ်ဘူး။ ပြန်ဆွဲပေးပါ။"
"ဟမ်...ကျွန်မ Designကဘာဖြစ်လို့လဲ။ သေချာစစ်ပြီးသွားလို့ Chaeyoungကိုလာပြတာလေ။"
"မကြိုက်ဘူး။ ပြန်ပြင်ပေးပါ"
"အခုလား? အခုကနေ့လည်စာစားရမယ့်အချိန်လေ။ Juliaလည်း..."
"Kim Jennie..အလုပ်နဲ့ကိုယ်ရေးကိုယ်တာမခွဲတတ်ဘူးလား။ ဒီ Designကဘယ်လောက်အရေးကြီးမှန်းလည်းသိတယ်မဟုတ်လား။ အခုချက်ချင်းပြင်ပေးပါ"
တမင်သက်သက် Jennieနဲ့ Juliaနှစ်ယောက်တည်းနေ့လယ်စာသွားစားလို့မရအောင် ပြဿနာရှာနေခြင်းပင်။
"ကဲပါ။ Honeyရယ် အရေးကြီးတဲ့ဟာပဲကို..Juliaဘာသာနေ့လည်စာသွားစားပြီးရင်ပြန်တော့မယ်။ ညကျမှ Dinner dateကျတာပေါ့။ ဟုတ်ပြီလား"
"အင်းပါ။ ကိုယ်တောင်းပန်တယ်နော် Julia..."
*mwah*
"နားလည်ပါတယ် Honeyရဲ့ ညကျတွေ့မယ်နော်။ ချစ်တယ်"
"အင်း"
"မင်းတမင်လုပ်လိုက်တာမလား"
"ဟုတ်တယ်။ မ အနားကိုဘယ်သူ့မှကပ်တာမကြိုက်ဘူး။ ကျွန်မပဲကပ်မယ်။ ဘယ်သူစိမ်းမှမကပ်ရဘူး"
"ကျစ်...ဒီမှာ မင်းကိုပြောပြီးပြီလို့ထင်တယ်။ အရင်က ငါတို့ကြားမှာဖြစ်ခဲ့တဲ့အရာတွေအားလုံးမေ့ပစ်လိုက်ပြီလို့"
"အဲ့တာ မ ဘက်ကလေ။ ကျွန်မဘက်ကမှမဟုတ်တာ။ ထားပါ အခုနေ့လည်စာသွားစားရအောင်"
"ဘာ..Park Chaeyoung မင်းတော်တော်မျက်နှာပြောင်တာပဲနော်။ မင်းဘာသာသွားစား။ ငါစားချင်စိတ်မရှိတော့ဘူး"
"ကောင်းပြီလေ။ စားချင်စိတ်မရှိလည်းနေခဲ့။ ကျွန်မတော့သွားစားလိုက်ဦးမယ်"
YOU ARE READING
J: I Dare U To Come Back To Me
Fanfiction"ပြန်လာပါ...ပြန်လာခဲ့ပါ။ အရမ်းလွမ်းနေပြီမို့ အရမ်းဖက်ထားချင်နေပြီမို့ ကျေးဇူးပြုပြီး....ကျေးဇူးပြုပြီး..ကျွန်မရင်ခွင်ထဲပြန်လာပေးပါ"