Ep.6(Unicode)

4.3K 278 2
                                    

ဝမ်ရိပေါ် မျက်ဝန်းထဲမှမျက်ရည်များကျလာသည်
ရှောင်ကျန့်ရင်ထဲမှာတော့ တကျစ်ကျစ် နာကျင်နေသည်

"ကိုကို က ယောက်ျားအချင်းချင်းမဖြစ်နိုင်ဘူးပေါ့လေ.....ဟုတ်လား"

"ဟုတ်တယ်" (အသံများတုန်ရီစွာ)

"OK!.....ရတယ်လေ ခင်ဗျားက ယောက်ျားချင်းချင်းမဖြစ်နိုင်ဘူးဆိုတော့........ထားလိုက်ပါ ကျွန်တော်သွားပြီ ခင်ဗျားအလုပ်တွေဆက်လုပ်ထား Ok!"

ဆိုပြီး ဝမ်ရိပေါ် စိတ်နာစွာနဲ့ထွက်သွားလိုက်ပါတယ်💔

"ငါ​ပြောတာမှားသွားလို့လား......ယောက်ျားချင်းချင်း မဖြစ်နိုင်ဘူးလို့ပဲ ပြောတာကို
ပြီးတော့ သူက ဘာလို့မျက်ရည်ဝဲနေရတာလဲ သူမျက်ရည်ဝဲတော့ ဘာလို့ ငါ ရင်ဘတ်ကနာကျင်နေရတာလဲ"

ရှောင်ကျန့်တစ်ယောက် စိတ်ထဲကအတွေးပေါင်းစုံတွေးရင်း အလုပ်ထဲစိတ်မပါပဲအလုပ်လုပ်နေရသည် ညနေရောက်တော့ အိမ်ပြန်ပြီး ရေမိုးချိုးကာအနားယူတော့လေသည် ထိုအခါ ဝမ်ရိပေါ်ရဲ့ ပါး ဖုန်းလာသည်

တီ......တီ......တီ........

"ဟယ်လို အန်ကယ်"

"သား ဝမ်ရိပေါ်အိမ်ပြန်လာပြီလား"

"သူနေ့ခင်းလောက်ကတည်းကပြန်သွားတယ်လေ အန်ကယ်"

"ဟာ.......ဟုတ်လား အခုချိန်ထိအိမ်လည်းပြန်မရောက်သေးဘူး"

"ဒါဆိုကျွန်တော် သူ့သူငယ်ချင်းဆီဖုန်းဆက်ကြည့်လိုက်မယ်"

"အေးအေး.........ကျေးဇူးပဲသား"

"ဟုတ်"

ရှောင်ကျန့်လဲ ဝမ်ရိပေါ်သူငယ်ချင်းတွေထဲက စစ်ကျွေးဆီကိုဖုန်းဆက်လိုက်သည်

"ဟယ်လို စစ်ကျွေးလား"

"ဟုတ်တယ် ဒါနဲ့ အကိုက"

"အကို ရှောင်ကျန့်ပါ"

"အော် ဘာကိစ္စရှိလို့လဲ အကို"

"မင်းအလုပ်လုပ်နေတဲ့ Bar ဆိုင်ကို ဝမ်ရိပေါ်ရောက်လာသေးလား"

"အော် ရှိတယ် ရှိတယ် သူနေ့ခင်းကတည်းက သောက်နေတာအကိုရာ ဘာတွေစိတ်ညစ်နေလဲမသိဘူး"

ကျွန်တော့်ရဲ့Boss❤🙆🏻‍♂️❤(Completed)Where stories live. Discover now