မနက်မိုးလင်းတဲ့အခါမှာတော် ရှောင်ကျန့်တစ်ယောက်အလုပ်သွားရမှာမို့လို့စိတ်လှုပ်ရှားနေပါတယ် အလုပ်သွားဖို့ပြင်ဆင်ပြီးတော့"မား........သားသွားတော့မယ်"
"မုန့်စားသွားဦးလေ သားရဲ့.........အစောကြီးရှိသေးတယ်.......လာ"
ရှောင်ကျန့်လည်းမုန့်ထိုင်စားလိုက်သည်
"မား.......သားသွားပြီနော်"
"အေးပါကွယ်.........ကားကိုဖြေးဖြေးမောင်းနော် သား"
"ဟုတ်.....မား"
"ရိပေါ်ရေထတော့........သားကလည်းကွာ............
နေ့တိုင်းနှိုးယူရတယ် ကွကိုယ်နိုးတယ်ဆိုတာမရှိဘူး""ဟုတ်....ပါးသားထပြီ"
"အေးအေး....ပါးအလုပ်ကိုသွားနှင့်တော့မယ် "
"ဟုတ်"
ရိပေါ်လည်းရေချိုးဖို့ ရေချိုးခန်းထဲဝင်သွားသည်
"အလုပ်ကို သွားလည်းသွားချင်တယ် သွားလည်းမသွားချင်ဘူး ငညဘာတွေဖြစ်နေတာပါလိမ့်"
ရေချိုးပြီးလို့အိမ်အောက်ဆင်းလာကာ မုန့်စားလိုက်ပါတယ်
"မား.....သားသွားပြီနော်"
"ဂရုစိုက်သွားနော်သားလေး"
"ဟုတ်"
ရိပေါ်အလုပ်ထဲဝင်တော့ ရှောင်ကျန့်ကအလုပ်လုပ်နေပါတယ် သူလည်း ရုံးခန်းထဲဝင်သွားသည် ရုံးခန်းထဲရောက်တော့"ရောက်ပြီလား သား"
"ဟုတ် ပါး"
"ဒါဆို ခနနားပြီး လာခဲ့ ပါး အလုပ်အကြောင်းရှင်းပြမယ်"
ပါးကရိပေါ်ကိုအလုပ်အကြောင်းအကုန်ရှင်းပြလိုက်ပါတယ် နေ့ခင်းရောက်တော့
"သား ဗိုက်ဆာရင် အပြင်မှာတစ်ခုခုသွားဝယ်စားနော်"
"ပါး ရှောင်ကျန့် အခြေအနေသွားကြည့်လိုက်ဦးမယ်"
"ဟုတ်"
~~~~~~~~~~~~~~~~~~~~~~~~"ရှောင်ကျန့် သား အခြေအနေဘယ်လိုလဲ "
"ကောင်းပါတယ် ဦးလေး"
"ပြကြည့် ဦးဦး ကို"
"ဟုတ်"
ရှောင်ကျန့် ကိုင်ထားတာစာရင်ကိုကြည့်ကာ ဦးလေး က အံ့ဩသွားပါတယ်
"သားက မဆိုဘူးပဲ တော်တယ် ညနေ အလုပ်ဆင်းခါနီး ဦး ဆီကိုခနလောက်လာအုံးနော်"
"ဟုတ် ဦး"
ညနေရောက်တော့ ဦးလေးမှာထားတဲ့အတိုင်း အလုပ်ဆင်းခါနီး ရုံးခန်ဘက်ကိုဝဦးတည်ပြီးသွားတော့သည် ရုံးခန်းတံခါးခေါက်ကာ
"ဦးလေး သား ဝင်လာလို့ရလား"
"ဝင်လာခဲ့ သား"
ရှောင်ကျန့် ရုံခန်းထဲဝင်သွားသည်
"ထိုင်ပါ သား"
"ဟုတ်"
"ရိပေါ်!......သားလည်းလာထိုင်ဦး"
ရိပေါ်လည်းခက်တည်တည်နဲ့ဝင်ထိုင်လိုက်သည်
"ဘာကိစ္စရှိလို့လဲ ပါး..."
"ရိပေါ် သားမနက်ဖြန်စပြီး သား ပါး အစား အလုပ်ဝင်လုပ်ရမယ်"
"ပါး ကရော"
"ပါးလည်းအနားယူတော့မယ်လေကွာ"
"ဟုတ် သား နားလည်ပါတယ်"
"ရှောင်ကျန့် သားကကျတော့ ရိပေါကို အလုပ်ကူညီဖို့ အလုပ်ကူအဖြစ် ခန့်လိုက်မယ်"
"ဗျာ ဖြစ်ပါ့မလား ဦးလေး"
"ဖြစ်ပါတယ် ဟုတ်တယ်မလားရိပေါ်"
"အ....အ.....အဖေ့သဘောပဲ"
"နော် ရှောင်ကျန့်"
"ဟ.ဟ.ဟုတ် ဦးလေး"
နှစ်ယောက် အသံတုန်တုန်နဲ့ပြန်ဖြေလိုက်ရတယ်
"ဟုတ်ပြီ ဒါဆို ငါတို့လည်းပြန်ကြစို့ "
"ဟုတ်"
"ကျတော်လည်းသွားလိုက်ဦးမယ် ဦးလေး"
"အေး...အေး..."
ရှောင်ကျန့်လည်းအိမ်ကိုတန်းပြန်လိုက်သည် အိမ်ရောက်တော့
"မား သားပြန်ရောက်ပြီး သွားနားလိုက်ဦးမယ်နော်"
"အေးပါကွယ်"
ရှောင်ကျန့်လည်း အခန်းထဲဝင်ကာ ကုတင်ပေါ် အိပ်ချလိုက်သည်
"ငါစိတ်လေတယ်ကွာ.....အဲ့ အချေ ကောင်နဲ့ အလုပ်တွဲလုပ်ရမှာ စိတ်ညစ်စရာကြီး"
ရှောင်ကျန့် ညည်း နေရင်အိပ်ပျော်သွားသည်
အားပေးတဲ့သူတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နော်❤❤❤
#𝑵𝒐𝒚𝒏𝒂𝒓
YOU ARE READING
ကျွန်တော့်ရဲ့Boss❤🙆🏻♂️❤(Completed)
RomanceSweet Story လေးပါနော်😘😘😘 (Zawgyi & Unicode)