Part-2 [Final]

1.1K 167 1
                                    

[Unicode + Zawgyi]

သွေးနံ့စူးစူးနဲ့အတူနိုးထလာခဲ့ရပြီး စိမ်းနေတဲ့နေရာကြောင့်လှဲနေရာကနေချက်ချင်းထထိုင်လာခဲ့သည်။

"မင်းသတိရလာပြီပဲ"

ဘာတွေဖြစ်ခဲ့မှန်းခေါင်းထဲတစ်ခုမှပေါ်မလာသေးဘဲ အသံလာရာဘက်ဆီကြည့်မိတော့ ခုံပေါ်ကျကျနနထိုင်နေကာစိုက်ကြည့်နေသောချန်းယောလ်ကြောင့် ဘတ်ဟျွန်းလန့်သွားပြီး ကိုယ်ပေါ်ကစောင်ကိုဆွဲဆုပ်ထားသည်။

"ငါ့သွေးတွေကို မင်းတော်တော်သုံးဆောင်ခဲ့တာပဲ"

"ဟမ်..???"

ချန်းယောလ်ပြောနေတာကိုနားမလည်တဲ့ဘတ်ဟျွန်းရဲ့ပုံစံကြောင့် အနားတဖြေးဖြေးတိုးလာတဲ့အခါ ဘတ်ဟျွန်းကလည်ပင်းကြောတွေထောင်သည်အထိအံကိုကြိတ်ကာနေသည်။

"ငါ့ကိုကြောက်နေတာလား"

ဘတ်ဟျွန်းဘာမှ‌ပြန်ဖြေမလာတာကြောင့် လက်ရှိလူသားသွင်ပြင်ကနေနတ်ဆိုးသွင်ပြင်ပြောင်းဖို့လုပ်တော့ ဘတ်ဟျွန်းကတားလာသည်။

"မလုပ်နဲ့! !!"

"ငါ့ကိုကြောက်လို့လား"

"ငါ့အတွက် မင်းရဲ့နတ်ဆိုးအသွင်ကိုလက်ခံနိုင်လာဖို့ခွင့်ပြုပေးပါ..ငါ့အတွက်အချိန်လိုတယ်..ဒါကြောင့်မင်းရဲ့နတ်ဆိုးအသွင်ကိုအခုငါ့ရှေ့မှာပြောင်းလဲမပြပါနဲ့ဦး"

"ငါ့ကိုမင်းကြောက်နေတာပဲ"

အားလုံးကကြောက်ရွံနေကြသည်ကိုဝမ်းသာနေရပေမဲ့.. ဘတ်ဟျွန်းရဲ့ထုတ်မပြောလာပေမဲ့ကြောက်ရွံ့နေတဲ့ပုံကြောင့် ချန်းယောလ်စိတ်ထဲမကောင်းဖြစ်ရသည်မှာ ကိုယ့်ကိုယ်ကိုတကယ်ပင်နားမလည်နိုင်..

ဘတ်ဟျွန်းကိုမြင်နေရလျှင်ခံစားလာရသောခံစားမှုအသစ်ကြောင့် ချန်းယောလ်အခန်းထဲက‌ထွက်သွားလိုက်သည်။

ဒီလိုပါပဲ.. စားချိန်သောက်ချိန်သာ ချန်းယောလ်ကအခန်းထဲရောက်လာတတ်ပြီး ကျန်တဲ့အချိန်တွေဆို အခန်းထဲမှာဘတ်ဟျွန်းတစ်ယောက်ထဲနေရသည်ကများသည်။
သို့ပေမဲ့ ချန်းယောလ်အနားမှာရှိနေသလိုသာခံစားနေရမှုကြောင့် ဘတ်ဟျွန်းနေရသက်သာသည်။

နတ်ဆိုးဘုရင်နှင့်ပန်းနတ်သား ✓ [နတ်ဆိုးဘုရင်နှင့်ပန်းနတ်သား✓ ]Where stories live. Discover now