[Unicode + Zawgyi]
လူ့လောကနှင့်မထိုက်တန်သောသူတို့အတွက် ရက်စက်စွာသတ်ဖြတ်ခံရခြင်းက အကောင်းဆုံးဖြစ်ပေမည်။
နာကျင်စွာအော်ဟစ်သံနှင့် ကြောက်လန့်တကြားရုန်းကန်လှုပ်ရှားရင်း ထွေပြားနေတဲ့စိတ်တွေကြားကထွက်လာတဲ့ လက်ဆတ်သောလည်ချောင်းသွေးတို့သည် လွန်စွာမှအရသာရှိပေသည်။"အား......... မလုပ်ပါနဲ့.....မလုပ်ပါနဲ့....ထွက်သွား.....ထွက်သွား.... အား........."
လည်ချောင်းထဲဖောက်ဝင်လာတဲ့လက်သည်းရှည်တွေဆီကနေ တစ်စက်ဆီကျလာတဲ့သွေးတို့ကို လျှာကြမ်းကြမ်းဖြင့်သိမ်းယူလိုက်ကာ အရသာခံသောက်သုံးနေပြီး အော်ဟစ်နေတဲ့မိန်းမပျိုကိုခွေကျသွားစေခဲ့ပြီ။
လည်ချောင်းသားတွေထဲကလက်သည်းရှည်ကိုပြန်ဆွဲထုတ်လိုက်ပြီး ပါလာတဲ့သွေးမျှင်တွေနဲ့အသားစတွေကိုသဘောကျစွာကြည့်ပြီးမှ ကြမ်းပြင်ပေါ်ခွေကျနေတဲ့မိန်းမပျိုကိုပြန်ကြည့်ပြီး ကျေနပ်စွာပြုံးလိုက်သည်။
ထိုကဲ့သို့အဆုံးသတ်စေခဲ့သည်မှာ ထိုညအတွက် ၄ယောက်မြောက်ဖြစ်သည်မို့ ဆာလောင်နေသည့်သွေးအရသာပြည့်ဝကာ ပြာလဲ့လာတဲ့မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်နိုင်ခဲ့ပြီးကြမ်းတမ်းသောရုပ်ရည်သွင်ပြင်ကနေ လူသားအသွင်ပြောင်းလာခဲ့သည်။
လစဉ်လတိုင်းမှာ၃ကြိမ်အမဲလိုက်မြဲဖြစ်သည်မို့.. အသေအကြေများလာကာအမှုထမ်းဝန်ကြီးတို့အလုပ်ပိုရသည်ဟူသောညည်းသံကိုအခန်းရှေ့ဖြတ်လျှောက်သွားရင်းကြားရတော့ ချန်းယောလ်ပြုံးသွားခဲ့သည်။
အာဃာတတွေ..လောဘရမက်တွေပြည့်လျှံနေတဲ့မင်းတို့လူသားတွေအတွက် ဒါမျိုးအဆုံးသတ်တွေကအရမ်းလိုက်ဖက်တယ်။
တောစပ်ဆီပြန်ရောက်လာတဲ့အခါ အော်ဟစ်ဆူညံနေကြသည့် ဆောင်ကြာမြိုင်ဂေဟာကအသံတွေကိုကြားလိုက်ရတော့ ရက်စက်စွာပြုံးလိုက်သည်။
မင်းတို့အတွက်သာယာမှုတွေနဲ့လှပတဲ့နေရာလေးတစ်ခုဖြစ်ချင်ဖြစ်မယ်.. ငါ့အတွက်ကတော့ လူသားတွေဟာကျက်စားရအလွယ်ဆုံးနေရာတစ်ခုပဲ။
"မင်းဘယ်သူလဲ"
ခေါင်းအထိဆောင်းထားခဲ့သည့်ဝတ်ရုံသည် မျက်နှာတစ်ခုလုံးမဖုံးအုပ်နိုင်ပေမဲ့..နှာဖျားအထိကောင်းစွာကာကွယ်ပေးနိုင်ခဲ့ပြီး အင်္ကျီလက်ရှည်တလျှောက်စွန်းထင်နေတဲ့သွေးတွေကိုတော့ကောင်းစွာမြင်နိုင်လေသည်။
YOU ARE READING
Fiksi PenggemarChanBaek [Unicode + Zawgyi] I got this plot from someone who is one of my readers.. Thanks Cover Photo Crd.. Pinterest