Unicode
ကျောင်းတော်ကြီးမှာ တဖြေးဖြေး အသားကျလာရင်း သူငယ်ချင်းတွေကိုလည်း အရမ်းကိုခင်တွယ်မိနေလေပြီ ဖြစ်သည်.....
သူငယ်ချင်းမလေး သုံးယောက်သည်လည်း မိန်းကလေးများသာဖြစ်သော်လည်း ယောက်ျားလေးဆန်ဆန် ဂျစ်တူးတွေဖြစ်သောကြောင့် မောင်နှမတွေဆိုတာထက် ညီအကိုတွေလိုပင်......
ပြောမနာဆိုမနာတွေဖြစ်ခဲ့ကြလေသည်....
ဒီနေ့ နှစ်ဝက်စာမေးပွဲစဖြေမည့်နေ့ပင်ဖြစ်သည်။ စာမေးပွဲကြီးပြီးလျင် သီတင်းကျွတ်ကျောင်းပိတ်ဦးမည်.....
သူငယ်ချင်းတွေကိုတော့ လွမ်းစရာလိုမည်မထင်ပါ တစ်ယောက်မှခရီးမသွားကြဘူးလို့သိရဲ့အပြင် ပိတ်ရက်တစ်ရက်ချင်းစီအတွက်လည်း အစီအစဉ်တွေချထားပြီးပြီလေ.....မနက်7နာရီလည်းထိုးပြီဆိုတော့ ကျောင်းကိုထွက်ခွာရတော့မည်.....စာမေးပွဲက 9နာရီမှဖြေမှာပေမယ့် စာနွှေးသလိုလိုနဲ့ ကျောင်းဝန်းထဲ အလေလိုက်ရဦးမည်မို့ စောစောသွားရခြင်းပါ.....
ကျတော် ကျောင်းထဲရောက်တော့ ကျောင်းမှာလည်း လူတွေအတော်များများရောက်နေကြပါပြီ.....အချိန်အရမ်းတိကျတဲ့ ကျတော်ရဲ့ ချစ်သူငယ်ချင်းကြီးတွေကတော့ မပါဘူးပေါ့ဗျာ.....
သေချာတော့ချိန်ထားပေမယ့်ရောက်မလာကြသေးပေ. စောင့်နေရင်းနဲ့မထူးတာနဲ့စာအုပ်လေးထုတ်ပြီး စာပြန်နွှေးရင်းစောင့်နေလိုက်တော့သည်....
" အမလေးမောလိုက်တာကွာ...."
"Aww ရောက်လာပြီပေါ့ ငါကမင်းတို့ကောင်တွေစာမေးပွဲ မဖြေကြတော့ဘူးထင်နေတာ"
အမောတကော ပြေးလာသော လွှမ်းအားကျတော် စတင်ခနဲ့ရတော့သည်
"မဟုတ်ပါဘူးကွာ အိမ်ကကားပျက်နေလို့ကွ အိမ်နားက ကလေးတွေနဲ့ လမ်းလျှောက်လာရတာ"
"မင်းအိမ်နဲ့ကျောင်းက ဘယ်လောက်ဝေးလို့လဲ? မင်းအိမ်မှာ လေလည်ရင်တောင်ကျောင်းထဲကကြားနိုင်တဲ့ ဟာကိုများ"
"ဟျောင့် တိမ်ယံ မင်းအာ့တော့များသွားပြီ ကားနဲ့တောင် 5မိနစ်လောက်မောင်းရတယ်ကွ သိရဲ့လား?"
YOU ARE READING
ချစ်ခွင့်လေးသာ/ခ်စ္ခြင့္ေလးသာ(True story)/(Zawgyi/Unicode)