Part 6

46 5 0
                                    

Unicode

အချစ်ဆိုတဲ့ စကားစုလေး နှစ်လုံးဟာပြောရတာတော့အလွန် လွယ်ကူလှသည်။သို့ပေမယ့် ဒီစကားလေး နှစ်လုံးရဲ့ဖြစ်တည်မှုမှာတော့ ပျော်ရွှင်ခြင်း၊ဝမ်းနည်းကြေကွဲခြင်း၊ရယူပိုင်ဆိုင်လိုခြင်း၊ခွဲခွာခြင်း၊ဝမ်းနည်းပူဆွေးခြင်း၊လွမ်းဆွတ်ခြင်း စသဖြင့်သော ခံစားချက်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသော ဘဝဇာတ်ခုံအတွက် ဘဝဇာတ်ဆရာဖန်ဆင်းလေသော ဆန်းကြယ်ပြကွက်တစ်ခုဖြစ်ပေသည်။

☘️☘️☘️☘️☘️☘️☘️☘️☘️

နေ့ရက်တစ်ခုရဲ့ အဆုံးဖြစ်တဲ့ ညအိပ်ရာဝင်ခါနီးအချိန်မှာ ချစ်ရသူနဲ့အတူကုန်ဆုံးခဲ့ရတဲ့ တစ်ရက်တာရဲ့ ပျော်ရွှင်ကြည်နူးစရာလေးတွေကို ပြန်လည်တွေးတောရင်းသတိရ နေတတ်သည်။

နေ့သစ်တစ်ခုအတွက်အစချီခြင်း မနက်မှာတော့ ချစ်ရသူနဲ့အတူ ကုန်ဆုံးရမယ့် တစ်ရက်တာလေးအတွက်ကို ကြိုတင်စဉ်းစားရင်း ကြည်နူးရပြန်သည်။

အရမ်းချစ်ကြတဲ့ချစ်သူ နှစ်ဦးရဲ့ အချစ်နေ့ရက်ကလေးတွေကို ဖြတ်ကျော်လာခဲ့တာ ဒီနေ့ဆိုရင် ချစ်သူသက်တမ်း သုံးလတိတိပြည့်ခဲ့လေပြီ။

ဒီနေ့ ချစ်သူသက်တမ်းသုံးလပြည့်‌နေ့လေးမှာလွှမ်းအတွက် တိမ်ယံ့ရဲ့ suprise ကတော့ လွှမ်းနဲ့ချစ်သူဖြစ်တဲ့နေ့ကစပြီး ယနေ့အတွက်ရည်ရွယ်ပြီး
လွှမ်းမသိတဲ့အချိန်မှာ ခိုးရိုက်ထားတဲ့ တစ်နေ့တာချင်းစီရဲ့  အမှတ်တရ ဓာတ်ပုံလေးတွေနဲ့ ပါပါးတို့မသိအောင် စင်ကာပူက အကိုဝမ်းကွဲဆီကို ဆင်တူဝတ်ရန်ရည်ရွယ်ကာ ဒီဇိုင်းပို့ပြီးမှာထားတဲ့ဟန်းချိန်း( Hand Chains) လေးတွေကို ညကတည်းကသေချာကြိုတင်ပြင်ဆင်ထားလိုက်သည်။

မနက်ဖြန်လွှမ်းနဲ့ ချိန်ထားတဲ့နေရာကို နှစ်နာရီစောပြီးလာဖို့ မိကေတို့အုပ်စုကိုလည်းခေါ်ထားပြီးပြီ။

'မင်းတော့မသိပေမယ့် ငါကတော့ မနက်ဖြန်အတွက်ရင်‌တွေ ကြိုတင်ခုန်နေပြီလွှမ်းရေ....'

စာမေးပွဲအောင်စာရင်း ထွက်မယ့်နေ့မှာတောင် ဒီလောက်ရင်ခုန်ပါ့မလားမသိ!

ချစ်သူလေးနဲ့တွေ့ရဖို့အရေး ကြိုတွေးပြီး မနက်မှာထွက်ပေါ်လာမယ့် နေမင်းကြီးကို အမြန်လာစမ်းပါကွာဆိုပြီး ဂုတ်ကနေသာသွားပြီးဆွဲခေါ်လာချင် စိတ်တွေပေါက်လာလေပြီ။

ချစ်ခွင့်လေးသာ/ခ်စ္ခြင့္ေလးသာ(True story)/(Zawgyi/Unicode)Where stories live. Discover now