Part 4

21 3 3
                                    

Unicode

"သွားကြမယ်လေ လွှမ်း"
သူ့လွယ်အိတ်တွေပါအကုန်ယူလာပြီး ခေါ်နေတာတောင် ကိုယ်တော်ချောက တုတ်တုတ်မလှုပ်လာသေး....

"လွှမ်း ပြန်မယ်လို့"
ကျတော်ထပ်ခေါ်လိုက်တော့မှခေါင်းလေးဖြည်းဖြည်းချင်းမော့ကြည့်လာကာ...

"တိမ်ယံငါ့ပုဆိုးပြဲသွားပြီ"

"ပုဆိုးက အကောင်းကြီးကနေဘယ်လိုပြဲသွားတာလဲ"

"ခုလေးတင် ခုံနဲ့ငြိသွားတာပါဆို"

"အာ့ဆိုလည်းလှည့်ဝတ်လိုက်လေကွာ ဘာထူးဆန်းတာကျလို့"

"မရဝူးကွ မနက်က ငါအိမ်ကထွက်လာတည်းက အိမ်ရှေ့ သံပန်းတံခါးနဲ့ ငြိပြီးပြဲလာလို့ လှည့်ဝတ်ထားတာ"

အေး အဲ့မှာပြဲနေလိုက် ဘယ်လိုတောင်ရှက်ပလူးထနေတဲ့ကောင်ပါလိမ့်?

"မင်းကလည်းကွာ....ရော ငါ့အင်္ကျီခါစည်းလိုက်"

"ဟမ်?"
သူ့ရဲ့ ကျောင်းစိမ်းအင်္ကျီအဖြူလက်ရှည်ကိုချွတ်ပေးလာလေတော့ သူ့ရဲ့ အတွင်းကဝတ်ထားတဲ့ စွတ်ကျယ်လေးတစ်ထည်သာကျန်တော့သည်။ဒီပုံစံနဲ့ ထွက်သွားရင်လူတိုင်းက မင်းကိုဝိုင်းကြည့်နေကြမှာပေါ့,....ပြီးတော့ မင်းရဲ့ဖြူဖွေးနေတဲ့ အသားတွေလည်းနေလောင်ကုန်မှာပေါ့.....

"ရော့လေ"

"မယူဝူး ပြန်ဝတ်လိုက် ဟိတ်ရောင်"

"မင်းဘယ်လိုပြန်မှာလဲ"

"ရတယ်ဒီတိုင်းပဲသွားမယ်"

"ရမလားကွ မင်းဖင်ကိုလူတိုင်းမြင်ကုန်မှာပေါ့ လျှာရှည်မနေနဲ့ ငါပြောသလိုလုပ်"

ကောင်စုတ်လေးက ကျတော့်ကိုယ်အပေါ်ပိုင်းကိုကျတော့လူမြင်မှာကြောက်ပြီး သူ့အောက်ပိုင်းကိုတော့ ကြော်ငြာလှည့်မယ်ပေါ့လေ
ရမလားအဲ့လို....

ကျဆော်တစ်ချက်ပိတ်အော်လိုက်တော့.....

ငြိမ်ပြီးနားထောင်နေတယ် ထင်လို့လား???

ချစ်ခွင့်လေးသာ/ခ်စ္ခြင့္ေလးသာ(True story)/(Zawgyi/Unicode)Where stories live. Discover now