the girl i like (5)

4.3K 195 1
                                    

အမဲရောင် brand ကားတစီးနန်းတော်သဖွယ်ကြီးမားကျယ်ပြန့်သောစံအိမ်ကြီးထဲသို့ဖြည်းညင်စွာမောင်းဝင်လာခဲ့သည်...အိမ်နားရောက်တော့ထိုအမဲရောင်brandကားကိုရပ်လိုက်ပြီးကားထဲကကျော့မော့စွာဆင်းလာသောကောင်မလေးတစ်ယောက်...

ထိုကောင်မလေးကရွှေရောင်ဆံပင်နှင့်လှပဖြူဥနေသောခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည်...ပြီးတော့သူမရဲ့အရပ်ကလည်းမော်ဒယ်မလေးပမာ....သူမကတစ်ခုခုကိုအလိုမကျသောပုံစံနှင့်သူမရဲ့ပန်းနုရောင်နှခမ်းလေးကိုလည်းထော်ထားသေးသည်...ဒါပေမယ့် အဲ့တာကသူမကိုပိုချစ်ဖို့ကောင်းစေသည်...

သူမကထိုစံအိမ်ကြီးထဲကိုဝင်ခဲ့ပြီး..ထိုစံအိမ်ကြီးနှင့်ရင်းနှီးနေသလို...ထိုစံအိမ်ကြီးကဘယ်အခန်းဘယ်မှာရှိလည်းဆိုတာကျွမ်းကျင်စွာသိနေသလိုရှိသည်..ထို့နောက်သူမအပေါ်ထပ်ကိုတပ်ခဲ့သည်...

အခန်းတစ်ခန်းရဲ့ရှေ့ကိုရောက်တော့..တံခါးတောင်မခေါက်တော့ပဲချက်ချင်းဝင်သွားသည်...

အခန်းထဲကလူကပထမဆုံးတော့သူမကိုတွေ့ရလိုအံ့သြသလိုရှိသည်..ခဏပါပဲနောက်တော့သူမကိုထိုလူကပြုံးပြသည်..ဒါပေမယ့်သူမကတော့ထို့လူရဲ့အပြုံးကိုမျက်စောင်းနှင့်သာတုံ့ပြန်လိုက်သည်...ပြီးတော့သူမထိုလူကိုကြည့်ပြီး...

"ဘာဖြစ်လို့လာမကြိုတာလည်း...

"ကိုယ်မအားလို့...

"အဲ့အလုပ်တွေကchaeထက်ပိုအရေးကြီးတာပေါ့လေ...

ဟုတ်တယ်သူမကတော့chaeနာမည်အပြည့်စုံကတော့ park chaeyoungပါ..

"ကျစ်..တကယ်အရေးကြီးအစည်းဝေးရှိလို့ပါ..

"niniနော်..chaeကိုဆိုဂရုမစိုက်ဘူး..chaeကniniအတွက်အရေးမပါဘူးလား...

jenကိုအရှေ့တွင်ကလေးဆန်စွာဂျီကျနောသောကောင်မလေးကိုကြည့်ပြီးခေါင်းခါမိသည်..သူ့နေရာမှာဟိုကလေးမသာဆိုjenအပြစ်ပေးမိမှာသေချာသည်..ဒါပေမယ့်ဒါကchaeyoungဖြစ်နေလို့...

chaeကkim company ရဲ့အရေးကြီးတဲ့ရှယ်ယာရှင် mr.parkရဲ့သမီးဖြစ်နေလို့ဖြစ်သည်..mr.parkဆိုတာကappaရဲ့သူငယ်ချင်းဖြစ်သူဆိုလည်းမမှားပါ..ပြီးတော့appaဆုံးသွားပြီးထဲက company ကအလုပ်တွေကိုmr.parkကဘဲရှင်းပြသင်ပြပေးခဲ့သည်...

THE Girl I Like(Unicode&Zawgyi)Where stories live. Discover now