"ကြောက်နေသေးလား"
"မကြောက်ဘူး"
Jito ရဲ့ သက်ပြင်းချသံကြီးက ကားထဲမှာကြီးစိုးသွားတယ်။ အပြင်ရာသီဥတုကတော့ Priya ရင်ဆိုင်ခဲ့ရတဲ့အခြေအနေနှင့်မလိုက်ဖက်စွာ ငြိမ်သက်ပြီးသာယာလို့နေသည်။ ကားမောင်းသူနေရာမှာ Muriel Roseanne ထိုင်ပြီး Priya ကတော့ Jito နဲ့အတူ ကားအနောက်ခန်းမှာထိုင်သည်။ သူမတို့ ရပ်ထားသည့်ကားအတွင်း၌ထိုင်နေသည်မှာ နာရီဝက်ခန့်ပင်ရှိသည်။ အတော်ကြာ တိတ်ဆိတ်နေပြီးမှ Muriel က မှန်ထဲကတစ်ဆင့်ကြည့်ကာ သူမကို ကြောက်နေသေးလား ဟု မေးပြီး စိတ်မကြည်လင်စွာပဲ သူမ ဘုဆတ်ဆတ်ပြန်ဖြေလိုက်သည်။
"ငါ ငါဘာသွေးလဲဆိုတာသိရအောင်ဆင်းလာတာ။ ငါကတမန်တော်မဟုတ်ဘူးလို့ငါထင်လို့။ နတ်ဆိုးလား၊ လူသာမန်ကို တာဝန်ပေးပြီး ဘုံပေါ်တင်ပေးခံထားရတာလား၊ ဘယ်သူမလိုချင်လို့စွန့်ပစ်လိုက်တဲ့ တမန်တော်သေးသေးလေးကို ငါ့ခမည်းတော်က ကောက်ယူမွေးစားခဲ့တာလား ဒါတွေကိုသိချင်လို့"
စိတ်လှုပ်ရှားစွာ၊ သို့တည်းမဟုတ် စိတ်ပျက်စွာ Priya ပြောလိုက်တယ်။ သူမ ဒီအခြေအနေကို ဒီအရှုပ်ထုပ်ကြီးကို တကယ်စိတ်ပျက်လာပြီ။
"ဒီကိုဆင်းလာတာနဲ့ အဲ့အဖြေကိုသိရမယ်လို့ဘာကြောင့်ထင်တာလဲ"
Muriel က ခပ်တည်တည်မေးသည်။
"တမန်တော်ဘုံမှာ အဖြေမရှာနိုင်တော့တဲ့အဆုံးမှ ငါဆင်းလာခဲ့တာ။ ငါကကော အဲ့အထက်မှာ ဘာမှမလုပ်ပဲ ဒီကိုအားအားယားယား 'ပလုံ စွပ်' ဆိုပြီး ဆင်းလာမှာလား"
"နင်အခုတော့ အားယားပြီးဘာမှလုပ်မနေဘူးလေ Liz Priya"
"ငါဘာတွေများလုပ်ခွင့်ရနေတာနင်မြင်လို့လဲ Muriel Roseanne ရဲ့!!!"
Muriel နှင့် Priya တို့၏ ငြင်းခုံအနေအထားရောက်တော့မည့်စကားဝိုင်းကို Jito က စိတ်ကုန်လာဟန်ရှိသည်။ ကားပေါ်ကဆင်း၍ ကားဘေး၌လက်ပိုက်မှီကာ ဟိုဟိုဒီဒီရပ်ကြည့်နေသည်။
"အကောင်အထည်ပေါ်ဖို့တွေးလေ တစ်ခုခု။ ငါကူညီမယ်လို့ပြောပြီးပြီပဲ"
"ဪ .... ပြီးတာနဲ့ နင့်အဖေကိုသတ်ဖို့ကိစ္စကို စပြီးလုပ်ရမှာကို ငါကပျော်ပျော်ပါးပါးစတင်နိုင်မှာလား Muriel, နင်ဘာလို့ သူ့ကိုသတ်ချင်နေလဲမသိပေမယ့် ငါကူညီဖို့တကယ်လက်တွန့်တယ်"
YOU ARE READING
Sinners
Fanfictionစကြာဝဠာရဲ့အဆုံးကို သူနဲ့အတူရှာဖွေပြီး တွေ့ရှိတဲ့အခါ အဲ့အနားသတ်မျဉ်းလေးမှာ ပန်းခင်းလေးတစ်ခုစိုက်ချင်တယ် 🌸