"ဒီအိမ်ရှိတာ ငါလဲမသိပါလား"
မြို့အပြင်နားက အိမ်ဆီကိုရောက်တော့ Priya က ခါးထောက်ကာ ဟိုကြည့်ဒီကြည့်ဖြင့်ပြောသည်။ မသိလျှင် သူမနဲ့သူနဲ့သိကျွမ်းတာက လေးငါးနှစ်လောက်ရှိသည့်ပုံစံနှင့်။
"အင်း Jito ပဲသိတာ"
သူက ပတ်ဝန်းကျင်ကိုပါ တစ်ချက်ဝေ့ကြည့်သည်။ Jito ပဲသိသည့်အကြောင်း သူ့ကို Rosè ပြန်ပြောပြီး အိမ်ထဲကိုဝင်ဖို့သော့ဖွင့်လိုက်တယ်။
"Omo"
အနောက်နားကနေ ပွေ့ဖက်လာတဲ့အထိအတွေ့ကြောင့် လက်ထဲကဖွင့်လက်စသော့တွဲပါပြုတ်ကျလို့သွားသည်။ Priya က Rosè ညာဘက်ပုခုံးပေါ်မေးတင်ကာ ခါးကိုသိုင်းဖက်၍ သဘောတကျရယ်နေသည်။
"အထဲဝင်ရမယ်လေ ဖယ်စမ်းပါ ဘာလုပ်တာလဲ"
Rosè ခပ်တည်တည်နဲ့မေးတော့ သူက လက်တွေကိုဖြုတ်ပြီး အထဲကိုအရင်ဝင်တယ်။ စိတ်ဆိုးသွားတာတော့မဟုတ်ဘူးမလား။
"ရည်းစားမထားဖူးတော့ ရည်းစားရရင် ဘာအရင်လုပ်ရသလဲမသိလို့ပါ"
စပ်စပ်စုစု Priya ရဲ့ ထုံးစံအတိုင်း၊ အိမ်ထဲက ပရိဘောဂတွေကို ဟိုကိုင်ဒီကိုင်နဲ့ပဲပြန်ပြောလာတယ်။ Rosè နဖူးပေါ်ဝေ့ကျနေတဲ့ဆံနွယ်တွေကို နားအနောက်သို့ တစ်ချက်သပ်တင်ပြီး ခပ်ဖွဖွပြုံးလိုက်မိတယ်။ အဖြူထည်နတ်ဆိုးလေးပဲ။
"နင်က အေးချမ်းတဲ့ဘဝကိုလိုချင်ရုံသပ်သပ်ပါပဲလား Muriel ရယ်"
ချက်ချင်းကြီး သက်ပြင်းတစ်ချက်ကိုချ၍ပြောလာသည့် သူ့စကား။ Rosè လဲ သူ့ကိုသိပ်အရေးလုပ်မနေတော့ပဲ ဟင်းချက်ဖို့စပြင်လိုက်တယ်။ ဒါ သူမ လိုချင်ခဲ့တဲ့ဘဝလေးပဲ။ အချိန်တန်အိမ်ပြန်လာပြီး ကိုယ်စားသောက်ဖို့ ထမင်းဟင်းလေးချက်။ အတူစားပေးမယ့်သူ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေပေါ့။ သူမ လက်တွေကို လူသတ်ဖို့ထပ် ဒီလိုတွေပဲလှုပ်ရှားနေချင်တယ်။
အဝတ်အစား ပါးပါးလျလျလေးတွေကိုလဲပြီး အပြင်ပြန်ထွက်လာတော့ ကြမ်းပြင်ပေါ်မှာအိပ်ပျော်နေတဲ့ Priya ကိုတွေ့သည်။ အတော်အိပ်မောကျနေသည့်ပုံမို့ မနှိုးတော့ပဲ ဟင်းချက်ဖို့ပဲပြင်လိုက်တယ်။
YOU ARE READING
Sinners
Fanfictionစကြာဝဠာရဲ့အဆုံးကို သူနဲ့အတူရှာဖွေပြီး တွေ့ရှိတဲ့အခါ အဲ့အနားသတ်မျဉ်းလေးမှာ ပန်းခင်းလေးတစ်ခုစိုက်ချင်တယ် 🌸