Part 13

5.7K 329 0
                                    

Unicode

"သမီး သက်သာတယ်မလား"
"ဟုတ် မေမေ"
"ခဏလှဲနေလိုက် ဒေါက်တာပေးတဲ့ဆေး ဧည့်ခန်းမှာကျန်ခဲ့လို့ မေမေသွားယူလိုက်ဦးမယ်"
"ဟုတ်"

"မေမေဆေးယူလာပြီသမီး ဆေးသောက်လိုက်ပါဦး"
"ဟုတ်"
"ဘာတွေပြုံးစိစိဖြစ်နေတာလဲ သမီး သက်သာသွားပြီလား"
"ဟီးဟီး ဒေါက်တာ့အကြောင်းတွေးမိလို့ မေမေ ဒေါက်တာက တော်တော်လှတာနော် ဆံပင်ရှည်လေးရယ် အပြုံးလှလှလေးရယ် စကားပြောတာလည်း ချိုသာနေတာပဲ ဟိဟိ"
"သမီးကလည်း နေမကောင်းတာတောင် ဒေါက်တာ့ကို ကြည့်ခဲ့အားသေးတယ်ပေါ့ အံသြပါ့ နှာဘူးအရမ်းထတယ်နော် လဝန်း"
"မေမေကလည်း နှာဘူးထတာ မဟုတ်ပါဘူး အလှတရားကို ခံစားတာပါ"
"ဒါဆို သမီးက မိုး ကို မေ့သွားပြီပေါ့"
မေမေ့စကားကြားတော့ လဝန်းရဲ့မျက်ဝန်းအိမ်ထဲမှာ မျက်ရည်များဝဲလာသည်
"မမေ့ပါဘူး မေမေရယ် သမီးရဲ့ အချစ်ဦးပဲလေ သူများပိုင်ဆိုင်သွားလည်း သမီးတော့ တော်တော်နဲ့ မေ့လို့ရဦးမယ် မထင်ဘူး မေမေ"
ပြောရင်းနဲ့ မျက်ရည်တွေက တလိမ့်လိမ့်စီးဆင်း
လာသည် မငိုပါဘူးဆိုမှ မျက်ရည်တွေက အလိုလိုကျလာတာ အခက်သား
"မငိုပါနဲ့ သမီးရယ် မေမေ့သမီးလေး ငိုနေတာ မေမေမကြည့်ရက်ဘူး"
"မေမေ သိလား မမက ဟင့် ဟင့် မမက လက်ထပ်တော့မှာတဲ့ ဟိုလူကြီးနဲ့ လက်ထပ်တော့မှာ သမီး ဘယ်လိုလုပ်ရမလဲ မေမေ သမီးမှာ အခွင့်အရေး မရှိတော့ဘူး"
ရှိုက်ကြီးတငင် ငိုကြွေးနေတဲ့ သမီးလေးကို ရင်ခွင်ထဲ ထည့်ထားရုံမှတစ်ပါး ကျမ မတတ်နိုင်ခဲ့ပါ နှစ်သိမ့်စကားတွေဆိုတာလည်း အသည်းကွဲနေတဲ့ လူတစ်ယောက်အတွက် အပိုပဲဆိုတာ ကျမကိုယ်တိုင်က သိသည်လေ
"သမီး မေမေလည်း အသည်းကွဲဖူးလို့ သိပါတယ် မငိုပါနဲ့လို့ မေမေမတားဘူး ကြိုက်သလောက်ငို အဝသာငို ပြီးရင် မေ့ပစ်လိုက်တော့ ကိုယ်ဆက်လျှောက်ရမယ့် လမ်းကို အကောင်းဆုံးဖြစ်အောင် လျှောက်"
"မေမေလည်း အသည်းကွဲဖူးတယ်???? ဟုတ်လား မေမေ"
ရင်ခွင်ထဲမှ သမီးလေးက ခေါင်းလေးမော့ကာ ​​​
မေးလာရှာတော့ ကျမကပြုံးပြလိုက်ပြီး
"ဒါပေါ့ သမီးရဲ့ မေမေလည်း ငယ်ရာကကြီးလာတာပဲ အသည်းကွဲဖူးတာပေါ့"
"ဒါဆို ဖေဖေက မေမေ့ အချစ်ဦး မဟုတ်ဘူးပေါ့"
သမီးလေးလည်း သိချင်မှာပေါ့ သူ့ကိုပြောပြဖို့ အချိန်တန်ပါပြီ
"ဟုတ်တယ် မေမေအခု သမီးကို ပြောပြသင့်ပြီထင်တယ် သမီးသိချင်နေတဲ့ အကြောင်းတွေ မေမေပြောပြမယ်"
လဝန်းကိုမေမေက ပြောပြမယ်တဲ့ အံသြစရာ အရင်ကဆို ဖေဖေ့အကြောင်းပြောလိုက်တာနဲ့ မေမေ့မျက်နှာပျက်သွားသည့်အပြင် စကားလမ်းကြောင်းလွှဲလိုက် ရုတ်တရက်ကြီး ထိုင်ရာက ထသွားလိုက်နဲ့
"ပြောပြ ပြောပြ လဝန်း သိချင်တာကြာပေါ့"
"မေမေတို့နှစ်ယောက်က လူကြီးတွေသဘောတူ
လို့သာ ယူရတာ အမှန်တော့ ရည်းစားကိုယ်စီနဲ့"
"ဟင် မေမေနဲ့ ဖေဖေက ချစ်လို့ယူတာမဟုတ်ဘူးပေါ့"
"ဒါပေါ့ သမီးရဲ့ မေမေ့မှာလည်း ကောင်လေးနဲ့ သမီးအဖေမှာလည်း ကောင်မလေးနဲ့"
"အချစ်မပါပဲနဲ့ ဘယ်လိုများ အိမ်ထောင်ပြုနိုင်ကြတာလဲ မေမေတို့ရယ် မမိုက်ပါဘူး"
"အမလေး မေးခွန်းတွေမမေးပဲ ဆက်နားထောင်ပါ သမီးရယ်"
"ဟုတ်"
"တကယ်က မေမေတို့က လူကြီးစကားနားထောင်လို့ ကံကောင်းသွားကြတာ သမီးရေ မေမေပြောပြမယ်"

ဆန့်ကျင်ဘက်Where stories live. Discover now