Part 27

5.5K 289 6
                                    

Unicode

မမကိုအကြောင်းစုံပြောပြပြီးပြီဖြစ်သဖြင့် လဝန်း မသီရိနှင့်မသူဇာတို့အား မမနှင့်မိတ်ဆက်ပေးရန် ဆုံးဖြတ်လိုက်သည်
"မမကိုမသီရိတို့နဲ့ မိတ်ဆက်ပေးမယ်လေ မနက်စာကို အပြင်မှာပဲစားကြတာပေါ့"
"အင်းပါ လဝန်းသဘောပါပဲ"

လဝန်းတို့ပြင်ဆင်ပြီးသ​ည်နှင့် အိမ်မှထွက်ကာ ချိန်းထားသည့်နေရာဆီသို့ဦးတည်လိုက်တော့သည်
"လဝန်း"
"ပြောလေ မမ"
"အနောက်က ကားတစ်စီးက မမတို့ အိမ်ကထွက်ကတည်းက လိုက်လာတာ"
မမပြောမှ လဝန်း back မှန်မှတစ်ဆင့် ကြည့်လိုက်မိသည်
"ဟုတ်ပါ့  လဝန်းတောင်သတိမထားမိဘူး တော်သေးတာပေါ့ မမကသတိထားမိလို့"
"ဘယ်လိုလုပ်မလဲ လဝန်း"
"လူများတဲ့နေရာမှာချိန်းထားတာဆိုတော့ ဘာမှတော့ မလုပ်ရဲလောက်ပါဘူး"
"အင်းပါ မမတော့ စိတ်မအေးဘူး လဝန်း"
"ဘာမှမပူပါနဲ့ မမ လဝန်းရှိတယ်"
မမလက်ကို လဝန်းလက်တစ်ဖက်ဖြင့်ခဏတာ
ဆုပ်ကိုင်ပေးလိုက်ပြီး ကားကိုအာရုံစိုက်မောင်းကာ အကြံထုတ်နေရတော့သည်

"မသီရိ မသူဇာ ဒါကလဝန်းရဲ့မမ မိုးမခမေပါ"
"ဟုတ် အမက ဓာတ်ပုံထဲမှာထက်တောင် ပိုလှသေးတယ် သီရိက အမကို အပြင်မှာအခုမှ မြင်ဖူးတာ"
မသီရိ၏စကားကြောင့် မမကပြုံးပြလိုက်သည် အနေအေးသည့်မမကတော့ ထုံးစံအတိုင်း... မရင်းနှီးသောကြောင့် ဘာစကားမှပြန်မပြောပေ...
"ဟုတ်တယ် မမ မသီရိက စုံစမ်းတဲ့အပိုင်းကို
တာဝန်ယူတာ ဒီဘက်က မသူဇာကတော့ မမကို အဝေးကနေ အနီးကပ်စောင့်ရှောက်ပေးတယ်လို့ပဲ ပြောရမလား.....မမရဲ့ သက်တော်စောင့်ပေါ့"
လဝန်းစကားကြားတော့ မသူဇာက ရယ်လိုက်ပြီး
"အဝေးကနေ အနီးကပ်စောင့်ရှောက်ပေးတဲ့ သူဇာပါရှင်.....အမသိရင် အနေရခက်မှာစိုးလို့တဲ့ လဝန်းက မလှမ်းမကမ်းကနေ စောင့်ရှောက်ခိုင်းတာ"
ထိုအခါမမက မသူဇာကို ပြန်ပြုံးပြလိုက်ပြီး လဝန်းကို ပြုံးပြီးကြည့်လာသည်...
လဝန်းလည်း မမကိုပြန်ပြုံးပြကာ စကားလမ်းကြောင်းလွှဲလိုက်သည်...
"ကဲ အစားအသောက်မှာကြတာပေါ့ ကြိုက်တာမှာနော် လဝန်းကျွေးမယ် ဒီနေ့"
"ဟုတ်ပါပြီရှင်"

~~~~~~~~~~~~~~~~
စားပြီးသောက်ပြီးသည်နှင့် လဝန်းပြန်ရန်ပြင်လိုက်တော့ မသီရိက မျက်ရိပ်လှမ်းပြသည် မမကို မသိစေလိုသည့် သတင်းဖြစ်ပေလိမ့်မည်...
"မသူဇာ မမနဲ့ ခဏလောက်နေခဲ့ပေးပါနော် လဝန်း မသီရိနဲ့ ပြောစရာလေးရှိလို့ "
"အေးဆေးသွားပြောကြပါ မသူဇာ စောင့်နေပေးပါ့မယ်"
"ဟုတ် မမ လဝန်းခဏနေပြန်လာမယ်နော် ခဏပဲ"
မမကို နှုတ်ဆက်ပြီးသည်နှင့် လဝန်းတို့ စကားပြောရန်နေရာရှာလိုက်သည်
"လဝန်း မသီရိရဲ့ကားထဲမှာပဲပြောကြရအောင် အဲ့ဒါပိုလုံခြုံလိမ့်မယ်"
"ဟုတ် အမ"

ဆန့်ကျင်ဘက်Wo Geschichten leben. Entdecke jetzt