Part 25

6K 299 4
                                    

Unicode

လဝန်းနဲ့အတူရှိနေရတဲ့ နေ့ရက်တိုင်းက မိုးအတွက် ပျော်စရာနေ့လေးတွေပါပဲ လဝန်းမရှိရင် မိုး တော့ အသက်ဆက်ရှင်နိုင်မယ်မထင်ပါဘူး သူ့ရဲ့ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ ဂရုစိုက်ပေးတတ်မှုလေးတွေကို မိုး သိပ်သဘောကျရပါတယ်....
"မမမိုး ဘာတွေတစ်ယောက်တည်းပြုံးနေတာလဲ"
ကေသီပြောမှ အသိပြန်ဝင်လာကာ...
"မမိုး ပြုံးလိုက်မိလို့လား ကေသီရဲ့"
"ဟုတ်တယ် မမမိုး တစ်ယောက်တည်း ပြုံးနေတာ"
"ဟီး..."
အခုမှ ရှက်ရယ်ရယ်မိတော့သည်
"ဟုတ်သားပဲ မေ့နေတာ...ကေသီက Order ကိစ္စ
လာပြောတာ လိုရင်းမရောက်ဖြစ်နေပြီ"
"အင်း...ပြော..."

~~~~~~~~~~~~~~~~~~~~~~~~~

ဒီတစ်နေ့လုံးပင်ပန်းပြီးတော့ ဆိုင်ပိတ်ချိန်
ရောက်လာပြီမို့ မိုး ပြုံးမိပြန်သည် လဝန်းနဲ့ တွေ့ရတော့မည်ပဲ.....
မိုး ကားတံခါးဆွဲဖွင့်လိုက်ချိန်တွင် အနောက်မှ...
"မိုး..."
ဒီအသံက...ဟာ...မဖြစ်နိုင်ပါဘူး...မဖြစ်နိုင်တာ.
မိုး နားကြားမှားသည်ထင်သဖြင့် ကားထဲဝင်ရန်
ဟန်ပြင် လိုက်တော့...
"မိုး..."
ဤတစ်ကြိမ်တွင်တော့ မိုး လှည့်ကြည့်လိုက်ကာ...
"ကို...သီ..ဟ"
မိုး၏နှုတ်ဖျားမှ နာမည်တစ်ခုဖြည်းညင်းစွာ ရေရွတ်မိလေသည်
"ဟုတ်တယ်..ကိုယ်ပဲ..ကိုယ့်ကိုမှတ်မိသေးရဲ့လား...
မိုးကတော့ အရင်အတိုင်းပဲနော် လှနေတုန်းပဲ"
ထိုစကားကိုကြားလိုက်တော့ မိုး မျက်နှာပေါ်၌ မဲ့ပြုံးတစ်ခုကိုဖန်တီးလိုက်ရင်း....
"ရှင့်နာမည်ကိုမေ့မယ်ထင်လို့လား...ရှင့်ကြောင့် စိတ်ဒုက္ခရောက်ခဲ့ရတာကို သေတာတောင်မမေ့ဘူး"
မိုး စကားကိုကြားလိုက်တော့ ကိုသီဟက မိုးလက်ကို လှမ်းကိုင်ကာ...
"ကိုယ်တောင်းပန်ပါတယ်...ကိုယ့်ကြောင့်မင်းနာကျင်ခဲ့ရတာပါ..ကိုယ့်ကိုခွင့်လွှတ်ပေးပါ"
ဤအထိအတွေ့ကို မိုး မုန်းသည်.. ချက်ချင်းပင် မိုးလက်ကိုရုန်းလိုက်ကာ.....
"ကျမအသားကိုမထိနဲ့....ရှင့်ကိုကျမသိပ်ရွံတယ်"
"ကိုယ်မှားခဲ့ပါတယ်....အားလုံးအတွက်ကိုယ်တောင်းပန်ပါတယ်..."
"အဟက်...အခုမှ ဘာတွေလာပြောနေတာလဲ နောက်ကျသွားပြီ...ရှင်တောင်းပန်နေလည်း ကျမကခွင့်မလွှတ်နိုင်ဘူး..."
"ဟုတ်ပါတယ် မိုး ကိုယ့်ကိုခွင့်မလွှတ်သင့်ပါဘူး...
ဒါပေမယ့် ကိုယ် မိုးဆီကခွင့်လွှတ်မှုကိုရဖို့ ကြိုးစားမှာပါ..."
"တော်ပါတော့...နောက်ကို ကျမရှေ့လုံးဝပေါ်မလာပါနဲ့"

ဆန့်ကျင်ဘက်Where stories live. Discover now