I won't cry anymore (3)

1.1K 22 1
                                        

နေရောင်ကြောင့် ရေပြင်က လှိုင်းကြပ်ခွပ်လေးတွေ တလဲ့လဲ့ နဲ့

ခပ်တည်တည် နဲ့ ဟိုကောင်ရေကန်နား ဆင်းသွားတယ် ကျွန်တော်လဲ သူဘာလုပ်မလဲ မမေးပဲ ​ဒီတိုင်းပဲ ကြည့်နေလိုက်တယ်

လက်သွားဆေး တာထင်တယ်
ဟုတ်တယ် ဒီကောင်လက်ဆေးနေတာ ကျွန်တော်လဲ ကပ်စီးစီး ဖြစ်နေတော့ လိုက်သွားပြီးဆေးဖို့ လုပ်လိုက် တယ်

ရေဆေးနေရင်း ဒီကောင်ရေနဲ့လာပက်ရော တအားတော့ မပက်ပါဘူး ရေမှုန်လေးတွေ လောက်ပဲ ကျွန်တော်လဲ ပြန်ပက်လိုက်တယ်

"အဲ့...."
ချော်လဲ ပြီ
ကျွန်တော်မဟုတ်ပါ

ဟိုကောင်ချော်လဲ ပြီ
"ဟျောင့် ရလား.. ဟျောင့်.... "
ချော်လဲ ပြီး ရေထဲပါ ပြုတ်ကျသွားတာ

ရေတိမ်လို့ တော်ပါသေးရဲ့ ဒီကောင်ရေမကူးတတ်ဘူး ကျွန်တော်လဲ မကူးတတ်ဘူး ဒီကောင်သာ ရေနစ်ရင် ပြဿနာ အကြီးကြီးတက်မှာ

"ရလား...လာ ငါ့လက်ဆွဲလိုက်"

တော်ပါသေးရဲ့ ရေပေါ်ပြန်တက်လာနိုင်လို့

"မင်း အင်္ကျီ ချွတ်လိုက်ပါလား စိုရွှဲသွားပြီ ဒီမှာ ခဏလှန်းထားလိုက်လေ"
"အေ မင်းဟိုဖက်လှဲ့"
"အမ် ဘာလို့လဲ မင်းချွတ်ပြီးရင် လဲ ငါမြင်ရမှာပဲ ကို"

"မကြည့်နဲ့"
"အေးပါ"

အမလေး ပလုတ်တုတ် မကြည့်ပါနဲ့ဆိုမှ ကြည့်မိ ပြီ

"ဟျောင့် လန်းလိုက်တာရော"
တကယ်လန်းတာပါ ဖြူဖွေးတဲ့ အသားအရေမှာ ပြည့်ဖြိုးတဲ့ ကြွက်သားတွေ နဲ့ 6 packs ကြီးကလဲ အမလေး ဒီကောင်ဒီလောက်ရှိမယ် မထင်ထားဘူး နဂိုကတည်းက ကောင်မလေး အများစုကြိုက်တဲ့ ရုပ်

ဖြူဖြူဖွေးဖွေး ထောင်ထောင် မောင်းမောင်း

ဖြူဖြူဖွေးဖွေး ထောင်ထောင် မောင်းမောင်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကျွန်တော် မငိုတော့ပါ။ / ကျွန်တော် မငိုတော့ပါ။Where stories live. Discover now