-uni
ဝမ်းနည်းစိတ်တွေ ပြန်အသက်ဝင်လာပြီ အစောကြီး နိုးပြီး အိပ်ယာပေါ်မှာ ငူငူကြီးထိုင်နေမိတယ်။
ကျွန်တော်မသေချာတော့ပါ ဝမ်းနည်းစိတ်တွေ သတိရစိတ်တွေ ပြန်လိုချင်စိတ်တွေ အားလုံးကွဲ ကြေသွားတဲ့ သူမ နဲ့ အနာဂတ်တွေ တွေးရင်း ငိုမိပြန်ပြီ။
မနေ့က ဒီအချိန် ကျွန်တော် အစောနိုးနေရောပေါ့ သူမအတွက် လက်ဆောင်ဝယ်ပြီး သွာပို့ဖို့ ပြင်ဆင်နေမှာ။ အဲ့အချိန်တုန်းကတော့ဘယ်သိပါ့မလဲ မနက်ဖြန်ငိုရမယ်လို့။
အတတ်နိုင်ဆုံး ကျွန်တော့စိတ်တွေ ချုပ်ထိန်းလိုက်မှ ဖြစ်မယ် ကျွန်တော် မငိုချင်တော့ဘူး မသက်ဆိုင်တော့သူကိုလဲ သတိ မရချင်တော့ဘူး။ပင်ပန်းလိုက်တာ ဗျာ
တွေးနေတုန်း
"ဟမ်...စောစောစီးစီး ဖုန်းလာပါလား"
မျက်ရည်တွေ ပိုစီးကျလာပြီ ဖုန်းလာတာမဟုတ်ဘူး alarm
မနေ့က သူမကိုနှိုးရအောင်ပေးထားတဲ့ alarm
သူမက ဒီအချိန်အမြဲ နှိုးခိုင်းတယ် ကျွန်တော်လဲ အမြဲ နှိုးပေးခဲ့တယ် အခုတော့
ပိုနာကျင်ရပြီနာရီကြည့်တော့ ၇ နာရီ ၁၅
အပြင်သွားရအောင် ပြင်ဆင်ရင်းနဲ့ပဲ အချိန်ဖြုန်းမှ ဖြစ်မယ်
တွေးမိလေနာကျင်ရလေ မလို့ ကျွန်တော် မတွေးမိဖို့လိုတယ်စိတ်ပေါ့သွားအောင် ရေချိုးလိုက်တယ် သီချင်းအော်ဆိုရင်းနဲ့ပေါ့ ရေချိုးရင်း masturbate လိုက်သေးတယ် မလုပ်တာ ၄ ၅ ရက်ရှိနေပြီမလား
အတော်ကို စိတ်ပေါ့သွားရပါတယ်။
ဒီအချိန်လောက်ဆို အမေထမင်း ဟင်းပြင်ဆင်ပေးပြီး လောက်ပြီ ဝင်စားလိုက်ရုံပဲ
ရေချိုးပြီးတာနဲ့ ထမင်းစားခန်းသွားပြီး အားရပါးရ စားလိုက်တယ်။အသဲ မကွဲချင်တော့ပါ။သူ့အကြောင်းလဲ မတွေ့ချင်တော့ပါ မေ့ပစ်လိုက်ချင်ပြီ။ မေ့ပါရစေ မမဒီလို နဲ့ စားပြီးတော့ ဟိုကောင်တွေ လာခေါ် မှာစောင့်နေလိုက်တယ်။၈ နာရီ ၁၀ မိနစ်ပဲ ရှိသေးတော့ စောနေသေးတာနဲ့ မနေ့ညက ကြည့် တဲ့ series လေး ပြန်ကြည့်တာပေါ့။ညက အပိုင်း ၁ ပဲ ပြီးသေးတာ။
YOU ARE READING
ကျွန်တော် မငိုတော့ပါ။ / ကျွန်တော် မငိုတော့ပါ။
Fiksi Remaja🔞 အတိတ်တွေက တွေးမိတိုင်း အာခေါင်ခြောက်စရာ။ အတွေးထဲ အတိတ်တွေပဲ ဝဲလို့။ကော်ဖီခါးခါး တစ်ခွက်ကလည်းမကယ်နိုင်ပါ။ဝေဝဲ နေနဲ့ ဆေးလိပ်ငွေ့တွေလဲ မကယ်နိုင်ပါ။အနာဂတ်မဲ့ ရသူ ကျွန်တော် အကြောင်းပြချက်တစ်ခု သို့မဟုတ် အကြောင်းပြရမည့်လူ တစ်ယောက်ကြောင့် မငိုတော့ပါ။ကျွ...