အဝေးသင်ကျူ ရှင်တွေစတတ်နေရပြီ
ကျူရှင်စပြီး၁လလောက်နေမှလမ်း ထဲကစီနီယာအမတစ်ယောက်အကူအညီနဲ့အိမ်နဲ့အနီးဆုံးကျူရှင်မှာစတတ်ဖြစ်ခဲ့တယ်
"ဟိုဘက်ကအခန်းကfirst yearတွေရဲ့အခန်းပဲ"
"လာအစ်မလိုက်ပို့ပေးမယ်"
အခန်းထဲဝင်တာနဲ့ကိုယ့်စီရောက်လာတဲ့မျက်လုံးတွေ
"ကျွတ်....မကြိုက်လိုက်တာ"လို့စိတ်ထဲတွေးရင်းစီနီယာနောက်ကုပ်ချောင်းကုပ်ချောင်းကပ်လိုက်လာခဲ့တယ်။
"ဒီအတန်းမှာထိုင်လိုက်ဘယ်သူမှမရှိဖူး"
သူမညွှန်ပြတဲ့နေရာကိုဝင်ထိုင်နေရင်းမှပဲ
"ဒါဆိုအဆင်ပြေပြီ အစ်မပြန်တော့မယ် first yearတွေကလူတော့များတယ်""ဟုတ် ကျေးဇူးပါပဲ"
"အင်းရတယ်စာအုပ်အချို့မပါလဲဘေးနားကသူငယ်ချင်းနဲ့ကပ်ကြည့်ပေါ့"
ထိုင်နေတဲ့ခုံတန်းထဲမယ်ကိုတစ်ယောက်တည်း သူမစိတ်ကျေနပ်အောင်သာ
"ဟုတ်"
"ဒါဆိုအမသွားပြီ"
ခေါင်းညိမ့်ပြလို့တောင်မဆုံးသူမထွက်သွားလေပြီ
"ဟူး.......နောက်ဆုံးတော့တတ်ရပြီပေါ့"
ဘေးကိုတစ်ချက်ဝေ့ဝဲစူးစမ်းရင်းနဲ့မှ
"ဒီထဲမှာကိုတစ်ယောက်ပဲအသစ်ထင်ပါ့"မိန်းကလေးတစ်ယောက်ဝင်လာပြီးဟိုကြည့်သည်ကြည့်လုပ်နေပြီးမှကို့နားလာတယ် ကိုကလဲအလိုက်တသိအပြင်ထွက်ပေးလိုက်တယ်သူဝင်ထိုင်ရအောင်
အိုခေ အခုလောလောဆယ်တော့တစ်ယောက်လာပြီ
"နင်ကအသစ်လား"
"အင်းဟုတ်တယ်ဒီနေ့မှစတတ်တာ နင်ရော"
"တူတူပဲ ဒါနဲ့နင်ကဘာmajorလဲ"
"ပထဝီ"
"Oh!ငါကHistory"
နှစ်ယောက်ကြားတိတ်ဆိတ်မှုနေရာခနတာယူပြီးနောက် အခန်းထဲနောက်တစ်ယောက်ဝင်လာတယ်ထုံးစံအတိုင်းကို့ဘေးနားပဲရောက်လာတယ် ကိုတို့အတန်း မှာလဲနှစ်ယောက်တည်းရှိတာကို ကိုလဲပထမတစ်ယောက်အတိုင်းအထဲပေးဝင်လိုက်တယ်
ဆရာမတစ်ယောက်ဝင်လာပြီးဒီနေ့အသစ်တွေလက်ထောင်ဆိုတာနဲ့လိုက်ထောင်ရ တယ် ပြီးတော့စာရွက်၃ရွက်လောက်ပေါင်း ပြီးစတာပလာနှိပ်ထားတဲ့စာအုပ်တစ်အုပ်နဲ့စာရွက်တစ်ရွက်လာပေးတယ်ပြီးတော့
ပိုက်ဆံ၅၀၀တောင်းတာနဲ့ထုတ်ပေးလိုက်တယ်တော်သေးတာပေါ့ပိုက်ဆံလေးပိုယူခဲ့မိလို့ပဲစိတ်ထဲမယ်တော့
"ကျူရှင်ခပေးပြီးတာတောင်ဒါတွေတောင်ဝယ်ရဦးမှာလားအလကားပေးတာမဟုတ်ဖူးကို့အိမ်နားကမိတ္တူဆိုင်မှာသွားကူးရင်တောင့်အဲ့ဒီလောက်မပေးရဖူး ကျွတ်"
စိတ်ထဲခပ်ချဉ်ချဉ်တွေးလိုက်မိသေးတာ
စာမေးမယ်ဆိုတော့လဲရောယောင်ပေါယောင်လျှောက်ရွှီး ကိုယ့်ဘာသာရယ်ချင်လာရောပထမဆုံးရက်ကစပြီးအလွဲများအခွီများနှင့့်ကိုပေါ့ ခွီ
သင်နေရင်းကတိုက်ကရိုက်အတန်းထဲဝင်လာတဲ့ကတုံးဆံပင်ပေါက်နဲ့တစ်ယောက်ထုံးစံတိုင်းပဲကို့ဆီလာတာပေါ့သူကရှေ့က၂ယောက်လိုတော့ဟိုသည်ကြည့်မနေပဲ တည့်ကြီးဝင်လာတာ
တစ်ချိန်ပြီးတယ်ဘာမှနားမလည်လိုက်တာခက်တယ်
ကတုံးဆံပင်ပေါက် ကလေးရုပ်နဲ့ဟာကလူကသေးသလောက်သိပ်စကားများတယ်
်သူလွတ်သွားတဲ့Englishတွေပြန်မေးပြောပြရင်းသူနဲ့ခင်သွားတယ်ပေါ့လေ၂ယောက်သားထောင့်နားပြောင်းထိုင်တယ်
တစ်ယောက်နဲ့တစ်ယောက်နာမည်မေးကြရင်းသူကလဲကို့ကိုအကဲခတ် ကိုကလဲသူကိုအကဲခတ် ၂ယောက်ကစရိုက်ဆင်တူသလိုရှိ သဘော ထားတူသလိုရှိတော့ မေဂျာလဲတူနေတာနဲ့ပေါင်းဖြစ်တယ်ပေါ့၂ယောက်သားအခွီတွေလုပ်နေကြရင်းနေ့တစ်ဝက်စာကျူရှင်အပြီးလမ်းခွဲခဲ့ကြတယ်
YOU ARE READING
မြတ်နိုးရာ(မွတျနိုးရာ)
PoetryZawgyi မြတ်နိုးသောသူထံပါးသို့မပေးဖြစ်သောစာချွန်လွှာတွေဟာခေါင်းစဉ်မျိုးစုံနဲ့စာအုပ်ထဲရှိလို့နေလေရဲ့ရည်ရွယ်ချက်ကတော့တစ်ခုပါပဲခင်ဗျားကိုချစ်ကြောင်းတွေပေါ့ Unicode မြတ်နိုးသောသူထံပါးသို့မပေးဖြစ်သောစာချွန်လွှာတွေဟာခေါင်းစဉ်...