F**k Friend

27 1 0
                                    

"ငယ့်​"

"အင်း​ပြော​လေ Oo"

"နင်​ ​သ​င်္ဘောသီးကြိုက်​တယ်​မလား"

"စာ​ငုံ​ရေး​နေရင်း ရင်​ထဲဒိန်းကနဲ အမြန်​​မော့ကြည့်​ရင်း"

"ဘာလို့​မေးတာလဲ"

"သိချင်​လို့ ဘာဖြစ်​လို့မျက်​နှာပျက်​ရတာလဲ ဒါ​လေး​မေးတာကို"

"မဟုတ်​ပါဖူး ကြိုက်​​တော့ကြိုက်​ပါတယ်​အရမ်းကြီး​တော့မဟုတ်​ဖူး"

"နင်​အရမ်းကြိုက်​တာပါ ကြိုက်​ရုံတင်​မကသ​ဘောပါကျ​နေတာမလား"

နှစ်​​ယောက်​စကားဝိုင်းထဲမဖိတ်​​ခေါ်ပဲဝင်​ချလာသူကAe

"Ae နင်​ဘာ​တွေ​ပြော​နေတာလဲ"

"မလိမ်​ချင်​စမ်းပါနဲ့ဟာ ငါတို့သိ​တော့​ရောဘာဖြစ်​မှာမို့လို့လဲ
နင်​သ​င်္ဘောသီးအ​ပေါ်သ​ဘောကျ​နေတာအသိသာကြီး နင့်​မျက်​လုံးထဲမှာသ​ဘောကျရုံတင်​မဟုတ်​ပဲ ဒီပြင့်​အရိပ်​အ​ယောင်​​တွေပါငါမြင်​​နေရတယ်​​နော်​"

"Ae!!!!!!!"

"what? ငယ်​နင်​ဘယ်​သူ့ကိုသ​ဘောကျ​နေတာလဲ ဘာလို့ငါကမသိရတာလဲ"

ထိုအခါAeကအနားကိုလာဟူ​သောပုံစံဖြင့်

"ငါတို့​နောက်​တန်းက သူ့​နောက်​မှာထိုင်​တဲ့အစ်​ကိုကြီးကို​ပြောတာ သူကသ​င်္ဘောသား​လေ ငါတို့ကနာမည်​မသိ​တော့ အလွယ်​တကူ သ​င်္ဘောသီးလို့ပဲအမည်​​ပေးလိုက်​တာ ငယ်​​ပေါ့သူ့ကိုအရမ်းသ​ဘောကျ​နေတာ"

"ဘာရုပ်​ကြီးလဲဟ ငါ့idolရဲ့​ခြေဖျား​တောင်​မမှီဖူး"

သူ​ပြောတဲ့စကားမှာကိုအနည်းငယ်​​ဒေါသထွက်​သွားတာကိုကိုဝန်​ခံရမယ်​ ကိုလဲ kpopper ပါသို့​​သော်​ဘယ်​​သောအခါမှကို့idolနဲ့အပြင်​က​တွေ့သမျှလူကိုလိုက်​မနှိုင်းဖူး မနှိမ့်​ချဖူးဘူး

ကိုအမုန်းဆုံးကအာ့အလုပ်​ပဲ ကိုအငြင်းမပွားချင်​​တော့တာမို့မသိချင်​​ယောင်​သာ​ဆောင်​​နေ​ပေးလိုက်​တယ်​.....

Ooသိသွားပြီးတဲ့ရက်​ကစလို့ သ​င်္ဘောသီးရဲ့ဘယ်​အပြုအမူမျိုးမှာမဆို ကိုမသိမသာ​ရော သိသိသာသာပါ အစခံရပါ​လေ​ရော ကိုမကြိုက်​ဖူး​ပြော​တော့ ချစ်​လို့စတာကိုငြိုငြင်​တာလား ဆိုတဲ့စကားတစ်​ခွန်းနဲ့အချုပ်​မိ​အောက်​လုပ်​တယ်​ ​နောက်​​တော့ကိုနဲ့ရင်​နှီး​နေတဲ့သူ​တွေအကုန်​သိသွားတယ်

အုပ်​စုလိုက်​တစ်​​ယောက်​တစ်​မျိုးစီအစခံရတယ်​....

ငါးပါး​မှောက်​ပြီ ဆိုတာသိလိုက်​တဲ့အသိနဲ့အတူ ကို​တော့သွားပြီဆိုတာမျိုးပါ​တွေးလိုက်​မိတယ်

"Shitttttttt.....ဒါ​တွေသိ​နေလို့မ​ပြော​သေးပဲထားကာမှ ဟူး......... ခု​တော့အားလုံးသွားပြီ"

ကိုတဖြည်းဖြည်းနဲ့ သူရိပ်​မိလာမှာ​သေမ​လောက်​​ကြောက်​လာမိတယ်​ တဖြည်းဖြည်းနဲ့သူကိုပို​စောင့်​ကြည့်​မိလာတတ်​တယ်
တဖြည်းဖြည်းနဲ့ပိုပြီးသူ့အ​ကြောင်း​ခေါင်းထဲ​မှာ အ​တွေး​တွေထဲမှာ ​နေရာ​ပေးမိလာတယ်​ ကိုအခုချိန်​ထိလက်​ခံထားမိတာက ကိုသူ့ကိုသ​ဘောကျ​နေရုံအဆင့်​​လေးက​နေမပိုဖူးဆိုတာပါပဲ

ကိုယ့်​ကိုယ်​ကိုအာ့ဒီအဆင့်​​လေးမှာပဲရပ်​တန့်​​နေမိဖို့အချိန်​ချိန်​သတိ​ပေးခဲ့မိတယ်​But.........

မြတ်​နိုးရာ(မြတ်နိုးရာ) Where stories live. Discover now