တစ်ပတ်မှာမှSundayတစ်ရက်ပဲတတ်ရတာမို့ကိုပျော်တယ်ဒါပေမယ့်၁လမှာ၄ပတ်ဆိုတော့ပိုက်ဆံပေးရတာများတယ်လို့တွေးနေသေးတာ
ကျူရှင်ထဲဝင်တော့ပြီးခဲ့တဲ့အပတ်က ကိုတို့ထိုင်ခဲ့တဲ့နေရာမှာကောင်မလေး၂ယောက်
ကိုဘာမှပြောမနေပဲသူတို့ဘေးနားပဲဝင်ထိုင်လိုက်တယ်စကားတွေဘာတွေပြောရင်းခင်ခင်မင်မင်ဖြစ်ခဲ့ကြတယ်
ပထမတစ်ချိန်ပြီးတာတောင်ဟိုတစ်ယောက်ကမလာသေးအချိန်ပြီးနဲနဲလေး ကြာမှသူရဲ့ပုံစံအတိုင်းအခန်းထဲသုတ်သုတ်နဲ့ကို့ဘေးသူ့အတွက်နေရာယူပေးထာတဲ့နေရာမှာဝင်ထိုင်ရင်းမှစာတွေကူးနေလေရဲ့
"သဲ ဘာတွေသင်သွားလဲ ကိုနဲနဲနောက်ကျသွားတယ်"
သူငယ်ချင်းအချင်းချင်း သုံးတဲ့စကားက သူ့အတွက်အဆင်သင့်ပေမယ့်လို့ ကို့ဘက်ကအဆင်မပြေသော်လည်းတစ်ခါတစ်လေသူစိတ်ကြည်မှခေါ်တတ်တာသိထား သူပီပီသူ့အတိုင်းပဲပြန်ပြောမိတယ်
"ရော့အာ့ဒါပဲ နင်ဘာလို့နောက်ကျ"
"ကားကြောင့်"
အာ့ဒါကြောင့်သူနဲ့ကိုနဲ့တွဲမိတာလဲပါတယ် သူဘယ်လိုခေါ်ခေါ်ကိုကဘာမှမဖြစ်နေမြဲအတိုင်း နားလည်ထားတာသူ့ပုံစံကို အာ့လိုပဲကိုဘာပြောပြောသူဆန့်ကျင်တာသိပ်မရှိ စိတ်တူတယ်ပြောရမယ်
အာ့ဒါကြောင့်ကျူရှင်၂ပတ်ပဲတတ်ရသေးတဲ့သူနဲ့ကိုက မသိရင်ငယ်ပေါင်းကြီးဖော်တွေအလားပေါင်းမိကြတာပေါ့
ဒီအပတ်သူ့အပြင်stateကျောင်းကသူငယ်ချင်းတစ်ယောက်နဲ့တွေ့ရင်းစကားပြောမိကာမှကို့ရှေ့တန်းသူနဲ့သူငယ်ချင်း တစ်စုနဲ့ကိုနဲ့ခင်သွားတယ်ပေါ့
မဆိုးပါဖူးအားလုံးကမာနမရှိ အပြိုင်အဆိုင်မရှိ တစ်ယောက်တစ်လိုင်းစီ အခွီတွေ
ထူးထူးခြားခြားအာ့ဒီထဲမှာArmyတစ်ယောက်ပါတယ်ကိုကLလေအဆင်မပြေလောက်ဖူးထင်တာ ဖြစ်ချင်တော့သူနဲ့ကိုနဲ့အတွဲညီတယ်ပြောရမယ်
Kpopper ချင်းကို fandomချင်းကွဲပေမယ့်လို့ သူလဲသူ့idol group သူ့bias
ကိုလဲကို့idol group ကို့bias
So,No Problem
Myanmarဆရာမရဲ့စာမေးပွဲဖြေဖို့၂လပဲကျန်တော့တယ်လို့ပြောသံရဲ့နောက်မှာကို့ရဲ့အံသြမှုတွေကထိန်းမနိုင်သိမ်းမရဖြစ်ကုန်ရော
ကိုတို့ကျူရှင်တတ်တာမှတစ်ပတ်တစ်ရက်နဲ့၂ရက်ပဲရှိသေးတာရယ် ကိုတကယ်လန့့်သွားတာကျက်ရမှာတွေဘာမှမှမသိတာ
အာ့အတွက်စိုးရိမ်စိတ်လား Noပါကိုအံ့သြတာပဲရှိတာ
တခြားဘာမှမပူအချိန်တန်ရင်သူ့ဟာသူဖြစ်သွားမှာပဲလေ ဆိုတော့Don't Worry ပဲ
YOU ARE READING
မြတ်နိုးရာ(မွတျနိုးရာ)
PoetryZawgyi မြတ်နိုးသောသူထံပါးသို့မပေးဖြစ်သောစာချွန်လွှာတွေဟာခေါင်းစဉ်မျိုးစုံနဲ့စာအုပ်ထဲရှိလို့နေလေရဲ့ရည်ရွယ်ချက်ကတော့တစ်ခုပါပဲခင်ဗျားကိုချစ်ကြောင်းတွေပေါ့ Unicode မြတ်နိုးသောသူထံပါးသို့မပေးဖြစ်သောစာချွန်လွှာတွေဟာခေါင်းစဉ်...
