မှိန်ပြပြအလင်းရောင်အောက်မှာ ပထမဆုံးနိုးထလာသူက ရှန်ဖန်းဂူဖြစ်တယ် ... ဘယ်လောက်ကြာအောင်အိပ်ထားမိလဲမသိ ခန္ဓာကိုယ်တစ်ခုလုံးကပေါ့ပါးလန်းဆန်းနေပြီး ထူးထူးခြားခြားနေလို့ကောင်းနေတယ် ...
ထိုစဉ်အခန်းတံခါးပွင့်လာပြီး ဝင်လာသူကချူးရှန့်ဖြစ်တယ် ... သူမှတ်မိသလောက် ဆေးခပ်ခံရပြီးခန္ဓာကိုယ်ကိုမထိန်းချုပ်နိုင်တော့ပဲ တစ်စုံတစ်ခုအပေါ်ပေါက်ကွဲထွက်မိသွားတယ် ... အဲ့ဒိအရာက ဘာများလဲ ...
ဖန်းဂူမျက်နှာက နီလိုက်ဝါလိုက်ဖြူလိုက်မဲလိုက်ဖြစ်နေတော့ ချူးရှန့်စိုးရိမ်တကြီးမေးလိုက်တယ် ...
" သခင် အဆင်ပြေရဲ့လား ... သခင်အိပ်နေတာ အရမ်းကိုကြာနေပြီ "
" ငါဘယ်ရောက်နေတာလဲ ... အဲ့ဒိပွဲကရော "
" ခုအိပ်တော်ကိုပြန်ရောက်နေပါပြီ ... အဲ့ဒိညက "
ချူးရှန့်ခနမျှရပ်တန့်သွားတယ် ... ဘယ်လိုပြောပြရမလဲ သူလဲခုထိအံ့ဩနေတုန်းပဲ ...
" ဆက်ပြော "
" အဲ့နေ့ညက သခင်ရဲ့ Raun ရောက်ရှိသွားပြီး မင်းယွီနဲ့ဆက်ဆံရင်းအခန်းထဲမှာ၂ ယောက်လုံးသတိမေ့နေတာကိုတွေ့ခဲ့ရတယ် ... သခင်အိပ်နေတာခုဆို ၂ ရက်တောင်ရှိသွားပြီ "
အစာဝတဲ့ခြင်္သေ့လိုပဲ လှုပ်တောင်မလှုပ်ဘူး ... ဒါကိုတော့ စိတ်ထဲကပြောလိုက်ခြင်းသာ ...
" ဘာ "
ဖန်းဂူအတော်လေးအံ့ဩသွားတယ် ... အယ်ဖာတွေမှာလဲ Raun ကာလဆိုတာရှိပြီး ထိုကာလတွေမှာ အိုမီဂါရဲ့ဖယ်ရိုမုန်းကိုလိုအပ်ပြီး သူတို့မှာအသိစိတ်ဟူ၍လဲမရှိနိုင်တော့ပေ ... ရာခိုင်နှုန်းကိုက်ညီမှုမြင့်တဲ့ အိုမီဂါနဲ့ဆက်ဆံမှသာ ထိုကာလကိုကျော်လွှားနိုင်မှာဖြစ်တယ် ...
ဖန်းဂူဘဝမှာ အယ်ဖာလို့စသိပြီးကတည်းက Raun ကာလဆိုတာမရှိသလောက်ရှားတယ် ... သူ့ရဲ့ဖယ်ရိုမုန်းတွေကို ထိန်းချုပ်နိုင်ပြီး ဘယ်အိုမီဂါကိုမှလဲ မတောင့်တသလို သူနဲ့ကိုက်ညီမှုရှိတဲ့အိုမီဂါလဲမရှိခဲ့ဘူး ...
ဒါကြောင့် ဖန်းဂူ Raun ကာလတွေကိုမေ့လျော့နေခဲ့တာကြာပြီ ... နှစ်တွေအများကြီးကြာမှ ဒီတစ်ကြိမ်သာ သူ့အတွက် အံ့ဩစရာကောင်းလောက်တဲ့ Raun ကာလဖြစ်ပေါ်လာခြင်းပင် ...
![](https://img.wattpad.com/cover/220571137-288-k408592.jpg)
CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein