Chapter - 4 ( 🚨🔞🚨 )

120K 6.3K 360
                                    

" ထွက်သွားစမ်း "

Dominant အယ်ဖာတစ်ယောက်ကိုမြင်လိုက်ရတော့ မင်းယွီအရှေ့ကအယ်ဖာတွေ တုန်လှုပ်သွားကြတယ် …

သူတို့က ဒီအနီးအနားက ဒုစရိုက်ဂိုဏ်သေးသေးလေးတွေဖြစ်တာမို့ ရှန်ဖန်းဂူလို ခေါင်းကြီးပိုင်းကလူတစ်ယောက်ကို အပြင်မှာ မမြင်ဖူးတာမဆန်းပါဘူး … ခုလိုရုတ်တရပ်ကြီးတွေလိုက်ရတော့ သူ့တို့အတွက် ငရဲလိုပဲ … သူတို့ဒီလူကိုမသိလောက်တဲ့ထိမအသေးဘူး … ဒီအနက်ရောင်မျက်နှာဖုံးတစ်၀က်နဲ့လူ အမှောင်ထဲကနေသရဲတစ်ကောင်လိုပေါ်လာတတ်ပြီးအညှာအသာမဲ့အမဲလိုက်ကာသတ်ဖြတ်ရဲတဲ့သူကို Lion လို့ခေါ်ပြီး သူတို့မပြောနဲ့သူတို့အထက်က ဆရာတောင် Lion ရှေ့ရောက်ရင် ဒူးထောက်ရလိမ့်မယ် …

ခု သူတို့နှောက်ယှက်မိတဲ့ အိုမီဂါက နတ်ဘုရားလိုအင်အားကြီးတဲ့ Lion ရဲ့လူမှန်းသိလိုက်ရတော့ ထိုနေရာမှာ တစ်စက္ကန့်လေးတောင် မနေရဲတော့ပဲ အလင်းလျှင်နဲ့ ပြေးသွားကြတယ် …

ထိုအခါမှ ကြောက်လန့်နေတဲ့ မင်းယွီအသိပြန်ဝင်လာပြီး သူ့ကိုအေးဆက်ဆက်အကြည့်တွေနဲ့ကြည့်လာတဲ့ လူအရှေ့ကနေအနည်းငယ်ခွာလိုက်တယ် … ဒီလူကိုရင်းနီးပေမဲ့ မရင်းနီးသလိုပဲ … မျက်နှာတစ်၀က်ကိုအနက်ရောင်မျက်နှာဖုံးစွတ်ထားပေမဲ့ သူ့ရဲ့ခန့်ညားမှုအရှိန်အဝါကို ဖုံးကွယ်မထားနိုင်ဘူး … ဒီလူကစောစောကပဲ သူနဲ့အတူယှဉ်တွဲပြီး၀င်လာတဲ့လူတစ်ယောက်ထည်းဖြစ်ပေမဲ့ ခုမတူတော့သလိုပဲ … ဘာကပြောင်းလဲသွားတာလဲ … နှစ်ယောက်သားစိုက်ကြည့်ရင် တိတ်ဆိတ်မှုက ကြီးစိုးလာတယ် …

ခုအချိန်မှာမင်းယွီကို့အပြစ်ကိုသိတာမို့လဲ သူ့မှာ ပြောရဲဆိုရဲတဲ့သတ္တိတွေမရှိ‌ဘူး … ဒီနေရာက သူ့လိုအညာတရလေးအတွက်တော့ ထူးဆန်းမှုတွေနဲ့ အံ့ဩထိတ်လန့်မှုတွေသာပြည့်နေတယ် …

မင်းယွီက သူ့ကိုဘာမှပြောမလာတော့ ဖန်းဂူဒေါသတွေက ပိုပြီးကြီးလာတယ် … ဒီလိုစကားနားမထောင်တဲ့ အိုမီဂါကို ဘာကြောင့်များခေါ်လာမိသလဲ … နောက်ဆုံးအေးဆက်ဆက်စကားတစ်ခွန်းဆိုလာတယ် …

" မင်း … ငါနဲ့လိုက်ခဲ့ "

ဒီအချိန် ချူးရှန့်က စုံစမ်းစစ်ဆေးနေချိန်မို့ ဒီကောင်လေးကိုလဲ ကြည့်ထားမပေးနိုင်ဘူး … ဒီတိုင်း ထားခဲ့၍လဲမဖြစ်တာမို့ ဖန်းဂူသူတို့ဆွေးနွေးတဲ့အခန်းထဲကိုပဲ ခေါ်လာခဲ့လိုက်တယ် … အခန်းထဲ၀င်လာချိန်မှာတော့ မျက်နှာဖုံးကိုချွတ်ပြီး ကုတ်အင်္ကျီအတွင်းထဲမှာ ထည့်ပြီးချေပြီ …

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum