ရှုယွမ်အိမ်တော်ကိုရောက်တော့ မင်းယွီမိခင်အား ပွေ့ချီကာ အလျှင်အမြန် ဝင်လာခဲ့တယ် … ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ရှုယွမ်မိခင်က ထိုအရာကိုမြင်သွားတော့ သူ့ရဲ့အရှေ့ကနေ ပိတ်ရပ်ကာ တားစီးလိုက်လေတယ် …
သူမက ထူးခြားတဲ့ရနံ့တမျိုးကိုရရှိ၍ သားဖြစ်သူကို မယုံသင်္ကာဖြင့်ကြည့်ရင်း ……
" ရှုယွမ် … ငါဒီလောက် စည်းကမ်းတင်းကြပ်တာတောင်မှ မင်းက အိုမီဂါတစ်ယောက်ကို အိမ်ခေါ်လာရဲတယ်ပေါ့ "
" မား … အထင်မှားနေပြီ "
" ဘာကို အထင်မှားရမှာလဲ … မင်းအိမ်ထဲဝင်လာကတည်းက အိုမီဂါဖယ်ရိုမုန်းတွေ ဒီလောက်ပျံ့လွင့်နေတာ … ငါ့ကိုမသိဘူးထင်နေလား "
သူမက ရှုယွမ်အနား တဖြေးဖြေးတိုးကပ်လာပြီး ရှုယွမ်ခေါ်လာတဲ့ အိုမီဂါရဲ့ မျက်နှာပေါ်သည်ထိ ငုံကြည့်လိုက်တယ် …
" သူမက ဘယ်သူ … "
သူမရဲ့အမေးဝါကျပင်မဆုံးလိုက် သူ့ရဲ့တစ်ကိုယ်လုံး တုန်လှုပ်လျှက် ရှုယွမ်လက်ထဲကလူအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေတော့တယ် …
ရှုယွမ်က သူ့မိခင်ရဲ့ခုလို ပုံစံမမြင်ဖူး၍ တစ်စုံတစ်ခု ထူးဆန်နေတာကိုသိလိုက်ပြီး သတိလွတ်သွားတဲ့မိခင်အား အလျှင်အမြန် မေးမြန်းလိုက်တယ် …
" မား ဘာဖြစ်သွားတာလဲ … ဒေါ်လေးကို သိလို့လား "
သူမက ရှုယွမ်လက်ထဲကအမျိုးသမီးအား သေချာကွဲပြားအောင် မျက်နှာတစ်ဝက်ကိုဖုံးကွယ်နေတဲ့ မာဖလာကိုဖယ်ပြီးကြည့်လိုက်တော့ သူမလက်ကအနည်းငယ်တုန်ရင်လျှက် တိုးတိုးလေး ရေရွတ်လိုက်တယ် …
" ပိုင်ယီယီ "
သူမက Name တစ်ခုကိုရေရွတ်ပြီး ရှုယွမ်လက်ထဲက Heat ဖြစ်နေတဲ့ အိုမီဂါကို သူမရဲ့သန်မာတဲ့လက်နှစ်ဖက်နဲ့ဆွဲပွေ့ကာ သူမအခန်းတွင်းသို့ခေါ်သွားလေတော့တယ် …
" ယီယီ နင်တကယ်မသေဘူးပေါ့ … ငါဝမ်းသာလိုက်တာ … ငါနင့်ကို ဆုံးရှုံးရပြီထင်နေတာ "
သူမက မင်းယွီမိခင်ကို ကုတင်ပေါ်ချပေးလိုက်ပြီး အတန်ကြာပွေ့ဖက်ထားပြီးမှ သူမရဲ့အယ်ဖာဖယ်ရိုဖုန်းတွေကိုထုတ်လွှတ်ပေးပြီး တည်ငြိမ်အောင်လုပ်ပေးလိုက်တယ် … ပြီးသွားတော့မှ တံခါးဝမှာရပ်နေတဲ့ သားဖြစ်သူထံလျှောက်လာပြီး ပြောလိုက်တယ် …

CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Romanceဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein