ပင်လယ်ကမ်းစပ်နှင့် နီးလာလေ လှိုင်းခပ်သံတွေက ပို၍ ဆူညံလာလေ လှေဟာ ရမ်းခါနေပြီး ခံစားချက်က လေဟာနယ်ထဲလွင့်ပျံနေသည့်အလား အိမ်မက်ဆန်လွန်းလှတယ် ...
မျက်တောင်ရှည်က ဖြည်းညင်းစွာ လှုပ်ရှားလာပြီး မင်းယွီ မျက်လုံးဖွင့်ကြည့်လိုက်တယ် ...
အေးဆက်ဆက်အိပ်ယာခင်းက သူ့ရဲ့နဘေးမှာဆီးကြိုနေပြီး လှေအတွင်းပိုင်း၌ သူကလွဲပြီး ဘယ်သူမှရှိမနေခဲ့ပေ ...
အပြင်လောကကိုကြည့်လိုက်တော့ ကောင်းကင်ယံဟာ မဲမှောင်နေပြီး အလင်းရောင်နည်းနည်းလေးရနေပေမဲ့ ရှေ့မှာဆီးကြိုနေတဲ့ ကျွန်းကြီးက အမှောင်ထဲကတစေတစ်ကောင်အလား မဲရိပ်ရိပ်သာမြင်နေရပြီး တခြားဘယ်အရာကိုမှမမြင်နိုင်ပေ ...
အချိန်ကိုတွက်စကြည့်လျှင် မနက်လေးနာရီခွဲလောက်ပင်ရှိအုံးမည် ...
ညကစောစောအိပ်ယာဝင်ခဲ့ပြီး မနေ့ကလဲ တစ်နေ့လုံးအိပ်လာရသောကြောင့် မင်းယွီဆက်ပြီး အိပ်ဆက်လို့မရတာနဲ့ ကုတင်ပေါ်ကနေထလာခဲ့တယ် ...
သင်္ဘောထိပ်ဦးဘက်သို့ ထွက်လာတဲ့အခါ အေးဆက်ဆက်ပင်လယ်လေက ဆီးကြိုနေပြီး မင်းယွီအရိုးခိုက်မတတ် တုန်ခါသွာလေတယ် ...
" ဘာကြောင့် အပြင်ကိုထွက်လာတာလဲ ... မအေးဘူးလား "
သင်္ဘောသံဘောင်ပေါ်မှာ ထိုင်လျှက် ဆေးလိပ်ကို လက်ကြားညှပ်ကာ အမှောင်ထဲမှာတစ်ယောက်ထည်း ငြိမ်သက်စွာနေနေတဲ့ဖန်းဂူက မင်းယွီကိုမြင်တော့ ကိုယ်ပေါ်က အနက်ရောင်ကုဒ်ကိုချွတ်ပြီး လှမ်းပေးလာတယ် ...
" ဝတ်ထားလိုက် ... မင်းမှာအနွေးထည်ပါမလာဘူးမလား "
မင်းယွီလဲ ပေးလာတဲ့အနွေးထည်ကိုယူပြီးနောက် ကိုယ်ပေါ်မှာလွှမ်းခြုံလိုက်ပြီးနောက် ဖန်းဂူအနားသို့လျှောက်လာခဲ့တယ် ... အနက်ရောင်ကုဒ်အင်္ကျိက မင်းယွီဒူးထိရှည်ပြီး လေးလံပေမဲ့ ကောင်းစွာအနွေးဓာတ်ကို ပေးနေတယ် ...
ဖန်းဂူက တော်ယုံနဲ့လူတွေကို ဂရုစိုက်လေ့မရှိဘူး ... ဒါပေမဲ့ သူ့အရှေ့က အိုမီဂါကို ဘာကြောင့်ဂရုစိုက်ပေးနေမိလဲ သူကိုယ်တိုင်လဲမသိတော့ပေ ... ခုသူ့စိတ်ထဲမှာရှိနေတာက အရှေ့ကကျွန်းငယ်နဲ့ ရေးရေးလေးမြင်နေရတဲ့ အိမ်တော်ကြီးရဲ့ အတိတ်ကဖြစ်ရက်တချို့ကိုပင် ...
![](https://img.wattpad.com/cover/220571137-288-k408592.jpg)
CITEȘTI
LION 🦁 ( Mafia Is My Alpha ){ Unicode }
Lãng mạnဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein