He is his boyfriend but...

6.1K 254 18
                                    

Part 1

ဒုန်း!!!!
အားးး

"သွားပါပြီ ကုန်​ပါပြီ ကုန်​ပါပြီ 😭😭😭 ငါတစ်​မနက်​လုံးကြိုးစားပမ်းစားချက်​ထားသမျှ ကုန်​ပါပြီ အင့်​ ဟင့်​ ဟင့်​ အီးဟီးဟိးး ရွှတ်​"

"ဒီမှာ ဒီမှာ ညီမ​လေး ရလား ထနိုင်​လား"

"ဘာကို ညီမ​လေးလည်း အထီးဗျ အထီး အီးဟီးဟီးးးး ကားနဲ့လည်းတိုက်​​သေး လူကို အထီးအမလည်း မှား​ဟြေခံရ​သေးတယ်​"

"အာ sorryပါ ညီရယ်​ အကို ​ ရလား ထနိုင်​ရဲ့လား"

ရှောင်​ကျန့်​တစ်​​ယောက်​ သူ့ကား​ရှေ့မှာ ပုံ့ပုံ​လေးလဲကျ​နေတဲ့​ကောင်​​လေးကိုဆွဲထူလိုက်​တယ်​ တကယ်​က ကားက parkingက​နေထွက်​ကာစဆို​တော့ အရှိန်​မပါဘူး ဘီးလှိမ့်​တယ်​ဆိုရုံ​လေး ​ကောင်​​လေးက ​ထောင့်​ချိုးနားက​နေထွက်​လား​တော့ တိုက်​မိမလို​လေး ဖြစ်​သွားရုံပါ

ဆွဲပြီး ထူ​ပေး​တော့ ​ကောင်​​လေးက အလိုက်​သင့်​​လေးပါလာ​လေရဲ့
ဖြူဥဥ ဆံပင်​ ​ရွှေအို​ရောင်​ ခပ်​အုပ်​အုပ်​နဲ့​ကောင်​​လေးက သူမှားလည်း မှားချင်​စရာပါ​လေ

"ဖြစ်​ရဲ့လား ​ညီ ​ခြေ​ထောက်​အဆင်​​ပြေရဲ့လား နာ​နေလား"

"ဟုတ်​ ရပါတယ်​ ​ခြေ​ထောက်​ကရတယ်​ရယ်​ မရတာက...."

"ဘာ ဘာဖြစ်​လို့လည်း အကို ​ဆေးရုံပို့​ပေးရမလား"

"အယ်​ လူက ဘာမှမဖြစ်​ပါဘူး ဟီးးးး ဒါ​ပေမယ့်​ ကျွန်​​တော့်​ ချိုင့်​က စားလို့မရ​အောင်​ ​မှောက်​ကျသွားပြီ"
ငိုမဲ့မဲ့​လေးနဲ့ သူ့ ထမင်းချိုင့်​​လေးကို ကြည့်​ပြီး​ဟြေ​နေတဲ့ ​ကောင်​​လေးက အိတ်​ကပ်​ထဲ အလုံးလိုက်​ထည့်​ပလိုက်​ချင်​စရာ​လေး

"အာ လာ​လေ ​နေ့လယ်​စာ အကို လိုက်​​ကျွေးပါ့မယ်​ ခုအတွက်​ အ​ရော်​သ​ဘော​ပေါ့ကွာ"

"ဒါကျွန်​​တော့်​ဖို့မဟုတ်​ဖူး ကိုကို့ဖို့ အ​စောကြီးထပြီး ကိုယ်​တိုင်​ချက်​လာတာ"

"ကိုကို?"

"အင်း ကိုကိုက ဒီcondoရဲ့ အ​ပေါ်ဆုံးအထပ်​က Golden ​ဆောက်​လုပ်​​ရေး က CEO​လေ ပြီး​တော့ ကျွန်​​တော့ ချစ်​သူ ဟီးးးး "

Shot Stories For Xiao Zhan & Wang Yi BoWhere stories live. Discover now