Wei XingChen

3.4K 495 93
                                    

ထမင်းစားပြီးတော့ ယွမ်နင်က ဝေ့ရှင်းချန်ကို
အတန်းရှေ့အထိ ပြန်ပို့ခဲ့တယ်။
ဒါ့အပြင် သူအစာပြေစားဖို့အတွက် မုန့်ထုပ်ကြီးတွေပါ
လက်နှစ်ဖက်အပြည့်ထည့်ပေးလိုက်သေးတယ်။
ယွမ်နင်ကတော့ ထမင်းဘူးကိစ္စကို အားနာလို့ဆိုပြီး
ပြောတာပဲ။

ဝေ့ရှင်းချန်ကတော့ တွေးမိတယ်။
ဒီလူကြီးက သူ့ညီကို တော်တော်ချစ်တဲ့broconပဲလို့။
အခုလည်း ကြည့်လေ..။
သူ့ညီလေးနဲ့ တူတာကြောင့်
သူ့ကို အကုန်လိုက်ဖြည့်ဆည်းပေးနေတာ။
ဒါကြောင့်လည်း ဇာတ်လိုက်မက အခွင့်ကောင်းယူတာ
ခံရတာ။

သို့သော် သူအခုလောလောဆယ် အာရုံစိုက်ရမှာကတော့
အတန်းဖော်တွေပဲ ဖြစ်တယ်။
သူက တကျောင်းလုံးရဲ့ နတ်ဘုရားယွမ်နင်နဲ့
တူတူနေ့လည်စာစားပြီး ပြန်လာခဲ့တာ။
သာမန်ကျောင်းဇာတ်လမ်းတွေမှာဆိုရင်
ဒါက သေချာပေါက် အနိုင်ကျင့်ခံရမဲ့အခြေအနေပဲ။

ဒါပေမဲ့ အခုထူးဆန်းနေတာက အတန်းဖော်က
သူ့ကို ခဏခဏကြည့်နေကြတယ်။
သို့သော် သူတို့ရဲ့အကြည့်တွေထဲမှာ အမုန်းတွေ
မပါဘူး။မနာလိုမှုတွေလည်း မပါဘူး။
ဇာတ်လိုက်မ ရွှယ်ချန်မေက လွဲလို့ပေါ့။

ရွှယ်ချန်မေက သူ့ကို အမုန်းတွေအပြည့်နဲ့
စူးစူးရဲရဲကြည့်နေပြီး သူက ဖြတ်ခနဲ လှည့်ကြည့်လိုက်မှပဲ
မသိချင်ယောင်ဆောင်ကာ တစ်ဖက်လှည့်သွားတယ်။

ပျင်းစရာကောင်းတဲ့ စာသင်ချိန်တွေကို
တစ်ချိန်ပြီး တစ်ချိန် ဖြတ်ကျော်လာပြီးတဲ့နောက်မှာတော့
ဝေ့ရှင်းချန် စောင့်မျှော်နေတဲ့ ကျောင်းဆင်းချိန်
ရောက်လာတော့တယ်။

သူ့လွယ်အိတ်ကို ယူကာ ထလိုက်ရုံပဲ ရှိသေးတယ်။
ထုံးစံအတိုင်း ဇာတ်လိုက်မက ရောက်လာပြီး
သူ့အိမ်စာတွေကို လုပ်ပေးဖို့ ပြောလာတယ်။

အရင်ဝေ့ရှင်းချန်သာဆိုရင်တော့
ချက်ချင်းလက်ခံပေးလိုက်မှာဆိုပေမဲ့
အခုဝေ့ရှင်းချန်က ငတုံးမဟုတ်ဘူး။
ဒါ့အပြင် သူ့လိုအပျင်းကြီးတဲ့လူတစ်ယောက်ကို
အလုပ်လာခိုင်းတယ်ဆိုတာ တကယ်ခွင့်မလွှတ်နိုင်စရာ
ကိစ္စတစ်ခုပဲ။

Villain And His Cheating System(Own Creation)Where stories live. Discover now