Wei Xing Chen

2.9K 437 73
                                    

ဝေ့ရှင်းချန်တစ်ယောက် တညလုံး systemနဲ့
နောင်ချိန်ပလေးပြီးနောက်မှာ ငြိမ်းချမ်းမှုရခဲ့တယ်။
အိပ်ဖို့တော့ တွေးတောင် မတွေးနိုင်တော့ဘူး။
အစကတော့ ဒီတိုင်းsystemနဲ့စကားပြောရုံလောက်ပဲ။
ဒါပေမဲ့ ဘယ်သူကထင်မိမှာလဲ။
စကားပြောရင်းနဲ့ အချက်အလက်တွေ
ရလာလိမ့်မယ်လို့လေ။

မျက်စိရှေ့ရောက်နေတဲ့အခွင့်အရေးကို
လက်လွှတ်ခံလိုက်လို့ ဘယ်ဖြစ်မလဲနော်။
ဒီလိုနဲ့ ဝေ့ရှင်းချန်လည်း systemကို
အစ်အောက်မေးမြန်းပြီး တညလုံးစကားပြောဖြစ်ခဲ့တယ်။
Systemပေးထားတဲ့cheatတွေကြောင့်
သူ့ခန္ဓာကိုယ်က ၃ရက်၎ရက်လောက် မအိပ်လည်း
ဘာမှမဖြစ်လို့ တော်သေးတာပေါ့။

Systemနဲ့လူတစ်ယောက်ဟာ
ရန်ဖြစ်လိုက်၊စိတ်ကောက်လိုက်၊ရယ်လိုက်မောလိုက်
စလိုက်နောက်လိုက်၊အတည်ပေါက်တွေဖြစ်လိုက်နဲ့ပဲ
တညတာ ကုန်ဆုံးသွားခဲ့တယ်။

သူ့systemက အနေအေးပုံရပေမဲ့
တကယ်တော့ သဘောကောင်းရှာပါတယ်။
သူအကြာကြီး စကားနှိုက်ပြီးနောက်မှာ
Systemနဲ့ ပတ်သက်တဲ့အချက်အလက်တွေ
အများကြီး သူသိခဲ့ရတယ်။

သူ့ရဲ့systemလေးဟာလည်း
ဝိညာဉ်တစ်ခုပဲဆိုတာကို သိခဲ့ရတယ်။
ဒါပေမဲ့ ဘာဖြစ်လို့systemဖြစ်လာရသလဲဆိုတာ
သူမသိရသလို systemစပြီး ဖြစ်ပေါ်လာပုံကိုလည်း
သူမသိသေးဘူး။

မသိရပေမဲ့လည်း ဝေ့ရှင်းချန်က သိပ်ပြီး
စိတ်မညစ်ပါဘူး။
အခုမသိရသေးလည်း နောင်သိရမှာပဲလေ။
သူ့မှာ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။

လောလောဆယ်တော့ သူ့အနေနဲ့ ဒီကမ္ဘာကြီးကို
ပြောင်းပြန်လှန်ပစ်ဖို့ အသင့်ဖြစ်နေပြီ။
Visual novelလို ဂိမ်းတွေဆိုတာ
သူအပျင်းပြေဆော့တဲ့အဆင့်လောက်ပဲ ရှိတယ်။
အခုsystemဆီက အချက်အလက်တွေနဲ့ဆိုရင်
ဒီmissionတွေကို အေးဆေးဖြတ်ကျော်နိုင်မယ်လို့
သူယုံကြည်တယ်။

ဝေ့ရှင်းချန်အနေနဲ့ ဒါဟာ ပထမဆုံးအကြိမ်
ယုံကြည်မှု ပြန်ရလာတာပဲ ဖြစ်တယ်။
အစက သူ့မှာ အစားတောင် ကောင်းကောင်းမဝင်ဘူး။
သူနားမလည်နိုင်တဲ့အရာတွေ အများကြီးဖြစ်နေခဲ့လို့လေ။

Villain And His Cheating System(Own Creation)Where stories live. Discover now