Chapter - 18

48.2K 4.7K 172
                                    


ခရီးထွက်မည့်ရက် …

" သခင် အဆင်သင့်ဖြစ်ပြီ "

အနက်ရောင်ကုတ်အင်္ကျိရှည်ကို ဝတ်ဆင်လျှက် ဖန်းဂူ ခန်းညာစွာဖြင့် အိမ်တော်ထဲကနေထွက်လာခဲ့တယ် …

သူတို့ရဲ့လျှို့ဝှက်နယ်မြေထဲမှာလဲ  ကြီးမားသည့် ကုန်တင်ကားကြီး ၁၀ စီးခန့်က ထွက်ခွာရန်အဆင်သင့်ဖြစ်နေပြီ … ချူးရှန့်က ခုထိစိတ်ထဲမှာ မတင်မကျဖြစ်နေတုန်းပဲ …

" သခင် ခရီးကို တကယ်ပဲသွားမှာလား "

" အားလုံးအဆင်သင့်ဖြစ်နေပြီ … နောက်လှည့်ဖို့အစီအစဉ်မရှိဘူး "

" ဒါဆို ကျွန်တော်နဲ့ရှန်ဝေလဲ လိုက်ပါရစေ "

ကနဦးဒီခရီးစဉ်ကို ဖန်းဂူတစ်ယောက်ထဲသွားဖို့စီစဉ်ထားခြင်းဖြစ်တယ် … ချူးရှန့်က သူ့အဖိုးထက်ပင် စိတ်မချပိုဖြစ်နေသေးတယ် … သူတို့ဆရာတပည့်ကြား ဘယ်တုန်းကမှဝင်မပါတဲ့ရှန်ဝေကပါ ဝင်ပြောလာတယ် …

" ကျွန်တော်တို့ကို လိုက်ခွင့်ပြုပါ … လူများတော့လမ်းခရီးစိတ်ချရတာပေါ့ … တစ်ဖက်လူကအင်အားဘယ်လောက်တောင့်လဲဆိုတာ မသိနိုင်ဘူး "

" မင်းမှာအတွေ့အကြုံရှိလို့လား "

ထိုအမေးစကားကြားတော့ ရှန်ဝေက ယုံကြည်ချက်အပြည့်နဲ့ ရင်ကိုကော့လိုက်ပြီး …

" သေချာတာပေါ့ … အတွေ့အကြုံကနုသေးရင်တောင် သခင်တို့နှစ်ယောက်ရှိနေတာ … ကျွန်တော်ကသင်ယူလွယ်ပါတယ် "

ဒီလိုနဲ့ခဦးစဉ်မှာ ဦးဆောင်သူ ၃ ဦးဖြစ်လာခဲ့တယ် … ညသန်ခေါင်ယံအချိန်မှာ သူတို့ရဲ့ကားတန်းရှည်ကြီးကမြို့ပြကနေထွက်လာပြီး ဝေးကွာသည့် နယ်မြေသို့ စတင်ကာခရီးနှင်လာခဲ့လေတယ် …

နယ်စပ်ကိုရောက်ဖို့အတွက် တစ်ရက်ခန့်မရက်မနားမောင်နှင်လာခဲ့ရပေမဲ့ ချူးရှန့်က သတိလက်မလွတ်ပဲ အမြဲတမ်းတက်ကြွနေတယ် … ဖန်ဂူက ကားအနောက်မှာ မှိန်းလျှက် လိုက်လာခဲ့ပြီး သူ့မျက်နှာမှာအဆင်မပြေမှုတို့ ဖြတ်ပြေးနေတာကိုချူးရှန့်တွေ့နေရတယ် …

ဒီရက်တွေမှာ သခင်တစ်ခုခုဖြစ်နေတာ သေခြာပေမဲ့ သူ့ကိုလဲရင်ဖွင့်မလာတော့ ချူးရှန့်မမေးရဲခဲ့ဘူး … အရင်တစ်ခေါက်ကလို ပေါက်ကွဲပြီးတောင်းကျန်းမနေတာကိုပဲ ကျေးဇူးတင်ရမယ် … အားအင်အပြည့်နဲ့ခြင်င်္သေ့ကို ဒီလိုမှိုင်တွေစေတဲ့အရာကဘာများလဲ ချူးရှန့်စဉ်းစားကြည့်ပေမဲ့အဖြေထွက်မလာခဲ့ဘူး …

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum