Unicode
ဖုန်ဟွေ့သည် မေ့မျောနေသော ဟွားဝူချင်၏ ကိုယ်ကို အိပ်ယာကြီးပေါ်သို့အသာအယာချလိုက်သည်။ အမှန်တကယ်က သူသည် ဟွားဝူချင်ကို အိပ်မွေ့ချလိုက်ခြင်း ဖြစ်သည်။ အချိန်အတော်ကြာအထိ သူနိုးဦးမည်မဟုတ်ချေ။
မြင်မကောင်းအောင်သွေးများယိုစီးကျနေသော မျက်နှာလေးကို သူ၏ ဇာမဏီအစွမ်းဖြင့် ကုသပေးလေသည်။ ရိုးရိုးသာမန်ဓားဖြစ်သောကြောင့် ယဲ့မိန်တုန်းကကဲ့သို့ ဒဏ်ရာက မပြင်းထန်ပေ။ သို့သော် သွေးများကတော့ မြင်မကောင်းအောင် ရဲဗလောင်းခတ်ကာ မျက်နှာလှလှလေးကို အကျည်းတန်စေပါသည်။
ဖုန်ဟွေ့ဆီက ပို့လွှတ်ပေးသော အစွမ်းကြောင့် ဟွားဝူချင်၏ မျက်နှာတွင် ဓားပြတ်ရှရာများသည် နဂိုအတိုင်း ပြန်စေ့သွားသည်။ သွေးများလည်း တိတ်သွားပြီ ဖြစ်သည်။
ဖုန်ဟွေ့က ဒဏ်ရာကို အရှင်းပျောက်အောင် ကုနိုင်သော်လည်း ခြောက်နေသော သွေးများကိုကား မဖယ်ရှားနိူင်ပေ။ သူက အနီရောင်လက်ကိုင်ပဝါလေးကို ရေစွတ်ကာ ထိုစေးကပ်နေသော သွေးများကို ဖယ်ရှားပေးသည်။
ဖုန်ဟွေ့၏ လက်များက ညင်သာပြီး သူက နတ်ဘုရားလေး နိုးသွားမည်ကို စိုးရွံ့ဟန်ဖြင့် အသာပွတ်တိုက်ကာ သွေးကွက်များကို ဖယ်ရှားပေးလေသည်။
ဖုန်ဟွေ့၏ ရင်ထဲတွင် ဗလောင်ဆူနေသည်က အမှန်ပင်။ ဟွားဝူချင်ကိုယ့်မျက်နှာကို ဓားနှင့်လှီးနေသည့်ပုံရိပ်က သူ၏ မြင်ကွင်းထဲကမထွက်ပေ။ ဟွားဝူချင်၏ မျက်လုံးများက နှစ်ရှည်လများ ခံစားခဲ့ရသော ဝမ်းနည်း နာကျင်မှုတို့ ထင်ဟပ်နေသည်။
ဖုန်ဟွေ့ အတွေးများဖြင့်ပင် နာကျင်လာသည်။ မည်သို့သော အရာက ဟွားဝူချင်ကို ထိုသို့ဖြစ်ရန် ပြုစားခဲ့ပါသနည်း။ အိပ်မက်လေးထံတွင် မည်သို့သော နာကျင်မှုများ ရှိနေခဲ့ရပါသနည်း။
သွေးခြောက်များက စိုစွတ်သောအဝတ်၏ ထိတွေ့မှုကြောင့် ပိုးသားလိုနူးညံ့နေသောပါးပြင်ကို ကပ်တွယ်နေမှုတို့ အဆုံးသတ်လိုက်ရချေသည်။ သွေးစများမရှိတော့သည့်နှင့် ဟွားဝူချင်၏ ရှင်းသန့်သော မျက်နှာလေး တဖြည်းဖြည်းပေါ်လာသည်။
YOU ARE READING
Legendary Phoenix [Complete]
FantasyTitle - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CREATION, Chinese, Historical, BL, Romance, Fantasy Starting Date - 14 December 2019 (Both Zawgyi and U...