Unicode
ကျိုးဖုန်းမြို့တွင် ဟွားဝူချင်၊ နေနတ်သားနှင့် မိုးနတ်သားတို့သည် အိပ်မက်နတ်ဆိုးပြုစားခြင်းခံထားရသည့် လူများနှင့် ပတ်သက်ပြီး စုံစမ်းရန် လူစုခွဲလာကြသည်။ ဟွားဝူချင်က ဆေးဆရာအဖြစ်လည်းကောင်း နေနတ်သားသည် မကောင်းဆိုးရွားနှိမ်နင်းသူအဖြစ်လည်းကောင်း၊ မိုးနတ်သားသည် လေလွင့်ကျင့်ကြံသူအဖြစ်လည်းကောင်း အသွင်ယူခဲ့ပေသည်။
ကျိုးဖုန်းမြို့တွင် သာမန်မြို့တစ်မြို့ကဲ့သို့ သက်ဝင်လှုပ်ရှားမှုများရှိပြီး လူအများ ဟိုဟိုသည်သည် ဥဒဟိုသွားလာနေကြသည်။ ၎င်းတို့၏ မျက်နှာတွင် စိုးရွံကြောက်ရွံ့သောအမူအရာများရှိမနေဘဲ ပကတိအတိုင်း ရှိနေသည်။ သို့ကြောင့် ဟွားဝူချင်က အခြေအနေက သူခန့်မှန်းထားသလို မဆိုးဝါးသေးဟု ခန့်မှန်းမိသည်။
မကျဥ်းမကျယ်လမ်းများ၌ ကုန်ကူးသည်ရောင်းဝယ်သူများ၊ ဗျပ်ထိုးစျေးသည်များ၊ စျေးဆိုင်ခန်းများဖြင့် ပြည့်နေပေရာ ကျိုးဖုန်းသည်စီးပွားရေးမြို့တစ်မြို့ဟုပင် ဆိုနိုင်သည်။
စားသောက်ဆိုင်သည် လူအများလာရောက်ကြပေရာ ဟွားဝူချင်လို သည်မြို့နှင့် မရင်းနှီးသူအဖို့ သတင်းများကို စုံစမ်းရန် အကောင်းဆုံးနေရာဖြစ်လေသည်။ သို့ကြောင့် ဟွားဝူချင်သည် ကျိုးဖုန်း၏ အရှေ့ဘက်ရှိ စားသောက်ဆိုင်ကြီးတစ်ဆိုင်သို့ ဦးတည်လာခဲ့သည်။
"ဇီးချိုသီးခြောက်တွေရတယ်။ ဆေးဘက်ဝင် ပန်းတော်ဖြူမြက်တွေလည်းရှိတယ်''
ဟွားဝူချင်လှည့်ကြည့်လိုက်သောအခါ
စားသောက်ဆိုင်၏ နံဘေးလျှောက်လမ်းထောင့်၌ ဆေးပင်ဆေးရွက် အခြောက်အစိုများပါသော ခြင်းတောင်းကိုချကာ အသံစူးစူးဖြင့်အော်နေသော ကောင်လေးတစ်ယောက်ကို တွေ့လိုက်သည်။ကောင်လေးကလည်း ဆေးလွယ်အိတ်အကြီးကြီးကို လွယ်ထားသော ဟွားဝူချင်ကို သတိပြုမိဟန်ရှိသည်။
"ဆေးဆရာလေး...ကျွန်တော့်ဆီမှာ ဆေးမြစ်တွေလည်း အများကြီးပါသေးတယ်။ တန်ဖိုးကြီးပေမဲ့ အဖိုးနည်းနည်းနဲ့ လျှော့ပေးပါမယ်''
YOU ARE READING
Legendary Phoenix [Complete]
FantasyTitle - Legendary Phoenix Book cover by Narcissus A beautiful romance story of God of Phoneix and extremely handsome God of Dreams ~♥~ Type- OWN CREATION, Chinese, Historical, BL, Romance, Fantasy Starting Date - 14 December 2019 (Both Zawgyi and U...