Part 9

1.4K 95 1
                                    

Unicode

ချက်ချင်းလက်ငင်းကို ငြိမ်ကျသွားတဲ့ သုံးယောက်သားစကားဝိုင်းလေးဟာ ဟောလိဝုဒ်ရုပ်ရှင်သရဲကားကြီးတောင် ရိုက်လို့ရလောက်သည်အထိ

ငြိမ်ကျသွားတဲ့ အခန်းလေးထဲမှာ အခုချက်ချင်းလက်ငင်းတောင် သရဲခြောက်နိုင်တယ်....

လည်တမျှော်မျှော်နဲ့ xiao zhanကို စောင့်နေရှာတဲ့ သုံးယောက်စလုံးမှာ ငြိမ်သက်မှုကို စတင်ဖြိုခွဲသူက ယွီပင်း...

"yibo... မင်းချက်စရာပြုတ်စရာတွေရှိတာ ပြင်ဆင်ထားတယ်မလား...ဟိုလေကွာ..ဟင်းခတ်အမွှေးအကြိုင်တွေဘာတွေ...

ပြီးတော့ ပန်းကန်တွေဘာတွေရော နေရာချပြီးပြီမလား...အဆင့်သင့်ရောပြင်ထားပြီးပြီလား...."

ယွီပင်းရဲ့အမေးကို yibo နာမလည်ပါ.. သူပြောတဲ့ဟာတွေက xiao zhan လာမှ သူ့ဘာသာသူ လိုတာပြင်ဆင်ပြီးချက်မှာမဟုတ်ဘူးလား.....

ဘာလဲ.. အခုသူကအဲ့ဟင်းခတ်တဲ့ဟာတွေကို အကုန်ချထားပေရမှာလား...ချက်ဖို့လိုအပ်တဲ့ဟာပဲသုံးမှာမဟုတ်ဘူးလား..ပန်ကန်တွေကကောဘာတွေလဲကွာ...

စင်ပေါ်မှာ အကုန်ရှိပြီးသားကို လိုတဲ့ဟာမှယူထည့်လိုက်ရုံပဲကို အားလုံးအဆင်သင့်ပဲ....စားပွဲပေါ်အကုန်နေရာချ တင်ထားပေးရမှာလား....

***ဟာ...ယီွပင်းရာ မင်းဘာတွေပြောနေတာလဲကွာ... ငါနားကိုမလည်ဘူး......ဟူးးး ***

yibo တွေးရင်းနဲ့မှ

"မင်းပြောတာတွေက xiao zhan လုပ်မှာမဟုတ်ဘူးလား..."

"ဟင်!!! xiao zhanက ခေါက်ဆွဲပြုတ်တို့ တခြားစားစရာလေးဘာလေးပဲ ချက်ပြုတ်မှာလေ...ဧကန်န မင်းမီးဖိုချောင်ကို မပြင်ဆင်ရသေးဘူးလား.."

"ယီွပင်းရာ yibo ကို မင်းခေါင်းမူးအောင်လုပ်နေတာပဲ....yibo.. သူဆိုလိုတာက မင်းမီးဖိုချောင်သန့်ရှင်းရေးလုပ်ပြီးပြီလားလို့မေးတာ...."

"အော်!!! အဲ့တာလား.. ငါသန့်ရှင်းရေးလုပ်ထားပါတယ်...မယုံရင်သွားကြည့်ပါလား သန့်ပြန့်နေတာပဲ.."

"မင်းကို ယုံပါတယ်ကွာ...ယွီပင်း!!!.."

"အမလေးးးး...လန့်သွားတာပဲကျန်းချန်ရာ ငါ မီးဖိုချောင်ဘက်ကို လှမ်းကြည့်နေတာကို.."

You're my destinyWhere stories live. Discover now