Unicode
အခုကျတော့လည်း ကို xiao zhan တို့ ခပ်မြန်မြန်လမ်းလျှောက်သွားပုံများ နောက်ကကျားလိုက်နေသလားမှတ်ရတယ်။ မပြေးရုံတမယ်ပဲ
ကျန်းချန်နဲ့ယွီပင်းတို့တောင် မနည်းအမှီလိုက်နေရတယ်
အခုတော့လည်း xiao zhan ကျေးဇူးကြောင့် ရောက်သွားလိုက်တာများ ဘယ်လောက်မှတောင်မကြာလိုက်
ဒီ coffee ဆိုင်လေးက သူတို့သုံးယောက်စလုံး စိတ်ကြိုက်ရွေးထားတဲ့နေရာလေး
အပြင်အဆင်လေးကလည်း သန့်ပြန့်ပြီး လူငယ်ဆန်ဆန်လေး လုပ်ထားတယ်။ လေဝင်လေထွက်လည်း ကောင်းတယ်။ ပြီးတော့ သူတို့ ကျောင်းနဲ့လည်း နီးတယ်လေ၊ အဓိကကတော့ မုန့်တွေကောင်းလို့
ဒီ coffee ဆိုင်လေးက တခြားလည်းမဟုတ် xiao zhan အလုပ်လုပ်နေတဲ့ ဆိုင်လေးလို့ ဆိုလည်းမမှားဘူး။
သူကမနက်ဆိုရင် စားသုံးသူ၊ ညနေဘက်ဆိုရင် ဒီဆိုင်လေးရဲ့ အချိန်ပိုင်းအလုပ်သမား
အလုပ်ဝင်တာသိပ်မကြာသေးပေမယ့် အလုပ်ကြိုးစားတဲ့သူ့ကို ဆိုင်ရှင်ဉီးကြီးက တော်တော်ခင်ရှာတယ်
အလုပ်ကြိုးစားတဲ့သူ့ကို ကျောင်းသားမှန်းလည်းသိရော ကျောင်းသွားတဲ့လမ်းနဲ့ လမ်းကြုံနေတဲ့ သူ့ဆိုင်မှာ xiao zhan ကို မနက်စာ free စားခွင့်ပေးထားတယ်လေ
အဲတာကြောင့် ဆိုင်ရွှေးတုန်းက ဒီဆိုင်ကိုပဲ အသည်းအသန် xiao zhan ရွှေးခိုင်းခဲ့တာ
ဆိုင်ကသန့်တယ် ၊ ကျောင်းနဲ့လည်း နီးတယ် ဘာရယ်ညာရယ်နဲ့ ပြောတော့ ကျန်းချန်တို့လည်း ဒီဆိုင်းေလးပဲ ရွှေးလိုက်ကြတာပေါ့
နောက်တော့မှ သိလိုက်ရတာက xiao zhan ဂျင်းထည့်သွားကြောင်း
မထူးတော့ပါဘူး။ အမှန်တကယ်လည်း ဒီဆိုင်လေးက သူတို့အတွက် အဆင်ပြေတယ်လေ၊ အဲ့တော့ မပြောတော့ဘူး။
ကိုယ်ကတ်စေးနဲတို့အတွက်ကတော့ ကွတ်တိပေါ့၊ ကျန်းချန်တို့ ကတော့ ကိုယ့်ဟာကိုရှင်း
ဆိုင်ထဲမှာ coffee သောက် မုန့်စားနေရင်း xiao zhan ယွီပင်းကို ဟိုကောင်လေးအကြောင်းဆက်ပြောခိုင်းမလို့ တွေးကာမှ ဟုတ်သားပဲ....သူ့နာမည်ကို မပြောပြရသေးဘူး
STAI LEGGENDO
You're my destiny
Storie d'amore** အူတူတူပုံလေးနဲ့ အိမ်ပြေးလေး xiao zhanကို Yibo ချစ်မိသွားရာမှ yibo အတွက် မမြင်ရတဲ့ ကံကြမ္မာက ဘာဆက်ဖြစ်မလဲ ** **အူတူတူလေး xiao zhanကရော သူ့အပေါ်မှာ ခံစားချက်ရှိနေမှာလား ပြီးတော့ yibo ကိုရောချစ်မိသွားမှာလား**