Unicode
Yibo ရှေ့ကသွက်သွက်သွားနေတဲ့ သုံးယောက်စလုံးကိုကြည့်ပြီး စိတ်ထဲမှာတော်တော်ရယ်ချင်မိတယ်
သူတို့ထဲကအရပ်ရှည်ရှည် ပိန်ပိန်ပါးပါးကောင်လေးကို သူတော်တော်အူယားနေတာ၊ အခုလည်းကြည့် သွားနေပုံလေးက အသည်းယားစရာ
မနေ့တုန်းက သူ့ကိုကတ်ကတ်လန်ပြန်ပြောနေတဲ့ပုံလေးက ကလေးတစ်ယောက် ရန်တွေ့နေတဲ့အတိုင်း၊ သူ့ကြောင့်စိတ်တိုစရာတွေတောင် ပျောက်ကုန်တယ်
အခုကျတော့ မနေ့ကသူမဟုတ်တဲ့အတိုင်းပဲ လူကိုမြင်တာနဲ့ တန်းပြေးတော့တယ်။ ဘယ်လိုလေးမှန်းကို မသိဘူး။ ကြည့်ရတာ မနေ့က နောက်လိုက်တာများသွားတယ် ထင်တယ်
သူကစွာစွာလေးမို့ ကိုယ်ကစလိုက်တာပါ၊ အဲ့လောက်ထိကြောက်သွားလိမ့်မယ်လို့တော့ ဘယ်ထင်ပါ့မလဲ ။
yibo မနေ့က ကျောင်းဆင်းတော့ အဆောင်ကို တန်းတန်းမတ်မတ်လေး ဆိုင်ကယ်လေးစီးပြီးပြန်တုန်း
ရှေ့လမ်းကြားကနေ ရုတ်တရက် ပြေးထွက်လာတဲ့ကောင်လေး၊ ဆိုင်ကယ်ဘရိတ်အုပ်မြန်လို့သာပေါ့ မဟုတ်ရင်မလွယ်ဘူး။
ဒီနေ့သူဆိုင်ကယ်စီးတာအချိန်သိပ်မပါလို့ တော်သေးတယ်။ ရှေ့ကကောင်လေးကိုလှမ်းကြည့်တော့ လန့်သွားလို့နဲ့တူတယ် အတောင့်လိုက်ကြီး ....
ကောင်လေးက နောက်မှ သတိပြန်ကပ်လာတော့ သူ့ကိုပြန်ကြည့်ရင်းကနေ ထပ်ပြီး ကြောင်တောင်တောင်ကြီးနဲ့ ရပ်နေပြန်တယ်
တော်တော်ကြာမှ တစ်ခုခုကို သိသွားဟန်နဲ့ ပြာပြာသလဲ သူ့ကိုအတင်းတောင်းပန်နေတယ်။ ကောင်လေးကြည့်ရတာ သူ့ကိုသိတယ်နဲ့တူတယ် ။
ဟုတ်သားပဲ သေချာကြည့်မှ ဒီကောင်လေးကိုသူသိတယ်လေ။ ဟိုတစ်ခါကကျောင်းမှာ သူနဲ့ ဟို eng major တွေနဲ့ရန်ဖြစ်တော့ ထိပ်ဆုံးကနေ အားရပါးရ လာကြည့်တဲ့တစ်ယောက်
ဟုတ်နေတာပဲ... အဲ့နေ့က သူပဲွဲကြမ်းထားတာတွေမြင်ပြီးလန့်နေပုံရတယ်။ သူကအဲ့လောက်တောင်ကြောက်စရာကောင်းလို့လား။ လန့်နေလိုက်တာများ..
ထားပါလေ... အခုဟာက သူသတိမထားမိလို့ တစ်ခုခုဖြစ်သွားရင်ဘယ့်နဲ့လုပ်မလဲ... အလကားနေရင်း ထောင်ထဲရောက်ရမှာ
STAI LEGGENDO
You're my destiny
Storie d'amore** အူတူတူပုံလေးနဲ့ အိမ်ပြေးလေး xiao zhanကို Yibo ချစ်မိသွားရာမှ yibo အတွက် မမြင်ရတဲ့ ကံကြမ္မာက ဘာဆက်ဖြစ်မလဲ ** **အူတူတူလေး xiao zhanကရော သူ့အပေါ်မှာ ခံစားချက်ရှိနေမှာလား ပြီးတော့ yibo ကိုရောချစ်မိသွားမှာလား**