♡︎1♡︎

657 54 1
                                    

Unicode

နွေဦးရာသီရဲ့လေထုဟာလတ်ဆတ်တယ်
အချစ်ရနံ့တွေထုံမွေးနေတဲ့ထိုဥတုဟာတကယ်ပဲသူအနှစ်ခြိုက်ဆုံးဖြစ်တယ်

Love Of Flowers

အရည်အသွေးစုံလင်တဲ့ပန်းအများစုရှိတဲ့
ထိုဆိုင်ဟာဆိုင်နာမည်နဲ့ပင်သူ့စိတ်ကိုဆွဲ
ဆောင်တယ်

ဆိုင်အတွင်းပိုင်ကိုကြည့်လိုက်တော့လည်း
ခြောက်ကပ်တိတ်ဆိတ်မှုကသာကြီးစိုးတယ်

ဘယ်လိုပဲဖြစ်ဖြစ်ဝင်သွားတာတော့မမှားပါ
ဘူး

ကလင်~

"ဟယ်လို"

အသံပြုပြီးဝင်သွားလိုက်တော့ကောင်တာထဲ
မှာသတင်းစာဖတ်နေဟန်တူတဲ့လူတစ်ယောက်ကမတ်တပ်ရပ်လို့လာတယ်

"ဪ မဂ်လာပါ "

ချိုချိုသာသာလေးထွက်ပေါ်လာတဲ့အသံ
ဟာတနင်္ဂနွေနေ့တွေမှာနားထောင်ဖူးတဲ့ဓမ္မ
သံစဥ်ထက်ပိုနားဝင်ချိုလှတယ်

မထင်မှတ်လောက်အောင်ထိုလူသားကိုငေး
ကြည့်မိတော့ကြာကန်မှာပွင့်တဲ့ကြာဖြူပန်း
လေးလိုလှပပြီးသိမ်မွေ့ပုံကိုဆောင်တယ်
ထိုလူသားဟာတကယ်ကိုလှတာပဲ။

ပန်းတွေနဲ့အပြိုင်လှရက်လွန်းတဲ့ထိုလူကို
ငေးမိနေတာဟာ ထိုလူသားဆီကအသံထွက်
လာမှအသိပြန်ဝင်တဲ့အထိ။

"မိတ်ဆွေ ဘာများအလိုရှိပါသလဲ"

"အင်း ခင်ဗျားကို"

ခပ်ပြုံးပြုံးမျက်နှာပေးနဲ့ဆိုလိုက်တယ်
ခင်ဗျားဘယ်လိုများတုန့်ပြန်မလဲ

"ဟက် နောက်တတ်သားပဲ"

ခနဲ့သလိုပြုံးလိုက်တာတောင်ခင်ဗျားကလှ
ရက်လွန်းနေတာပဲ

"နောက်တာမဟုတ်ဘူးဆိုရင်ကော"

ကောင်တာပေါ်ခပ်ကုန်းကုန်းအနေအထားနဲ့
ခေါင်းမှီပြီးရွဲ့သလိုပြောတော့သူ့အရှေ့ကလူ
သားရဲ့အပြုံးတွေဟာချက်ချင်းဆိုသလိုပျောက်ကွယ်တယ်

"ဘာပန်းလိုချင်လဲပြောပါ"

"အင်း ခင်ဗျားကြိုက်တာသာရွေးပေးတော့
ကျွန်တော်ကပန်းအကြောင်းသိပ်မသိဘူး"

 𝐏 𝐑 𝐈 𝐍 𝐓 𝐄 𝐌 𝐏 𝐒Where stories live. Discover now