♡︎4♡︎

421 58 4
                                    

Unicode

တစ်ပတ်မှာနှစ်ရက်သာအပြည့်အဝတွေ့ရတာမို့ရှောင်းကျန့်ကစနေနဲ့ တနင်္ဂနွေတွေကိုအလွန်နှစ်ခြိုက်တယ်

ရိပေါ်ကိုလွမ်းလာတဲ့အခါရှောင်းကျန့်ကစာသာဖိလုပ်ဖြစ်ပါတယ် စာတော်တဲ့ကလေးတွေမှချစ်မယ်ဆိုတော့လည်းရှောင်းကျန့်ခမျာမချစ်တော့လည်းအောင့်ကာနမ်းဆိုသလိုစာတွေပဲလုပ်ရတာပေါ့

"ရှောင်းကျန့် ငါကိုအိမ်ပြန်လိုက်ပို့ပေးပါလား
ဒီနေ့မှထီးမပါလာလို့ ဟဲ"

ရိပေါ်ဟိုတစ်နေ့ကဆူပူပြီးကတည်းကရှောင်းကျန့်လက်ထဲထီးကမပါမဖြစ်ပဲ။ရှောင်းကျန့်
ဆိုတာကရိပေါ်လွတ်ခနဲထွက်သွားတဲ့စကားတွေတောင်သေချာမှတ်ထားတတ်တဲ့သူမျိုး။

"မရပါဘူး ငါလည်းဟိုနေ့ကထီးမပါတော့
ခြေလျင်ပြေးရတာပဲ မင်းလည်းပြေးပေါ့"

"ဒီ ခွေး..
အရိုင်းအစိုင်းကောင် မင်းစိတ်ပုတ်တဲ့ပုံနဲ့
မင်းခရှရှ်ကမင်းကိုပြန်ကြိုက်မှာမဟုတ်ဘူး"

အရှိုက်တည့်တည့်ထိတာမို့ရှောင်းကျန့်က
သူ့လွယ်အိတ်နဲ့ဘုန်းခနဲဆော်တော့မယ်

"မင်းကြည့်လိုက်စမ်းပါ အဲ့လူကြီးမကြာခင်ငါ
ရည်းစားဖြစ်လာမှာ"

မျက်နှာရှုံ့မဲ့ပြတဲ့တစ်ကောင့်သားကိုလျစ်လျူရှူပြီးအခန်းပြင်ကိုထွက်လာရတယ်

ရှောင်းကျန့်ကသူ့သူငယ်ချင်းလေးကိုမချစ်လို့ထားခဲ့တာတော့မဟုတ်ပေမဲ့သူနည်းနည်းနောက်ကျရင်တောင်ရိပေါ်ကအဘိုးကြီးပေါက်စလေးလိုပွစိပွစိဆိုတတ်တယ်

ဒါကြောင့်ရိပေါ်စိတ်ခုမဲ့အလုပ်မျိုး
ရှောင်ရှောင်းကျန့်တို့မလုပ်ပါ။

"ဟင်"

ထီးအစိမ်းလေးနဲ့စောင့်နေတတ်တဲ့အဖြူရောင်လူသားလေးကိုမတွေ့တော့ရှောင်းကျန့်
ခမျာကြောင်တောင်တောင်ဖြစ်သွားရတယ်

တစ်ဆက်တည်းမှာပဲဝမ်းနည်းမူကလည်းလှိုက်ခနဲတက်လာရော။

ဝမ်ရိပေါ်ကသူ့ကိုမစောင့်တော့တာလား
မစောင့်ပဲအိမ်ပြန်သွားတာလား ဒါမှမဟုတ်
အကြောင်းတစ်ခုခုကြောင့်

You've reached the end of published parts.

⏰ Last updated: May 30, 2020 ⏰

Add this story to your Library to get notified about new parts!

 𝐏 𝐑 𝐈 𝐍 𝐓 𝐄 𝐌 𝐏 𝐒Where stories live. Discover now