♡︎2♡︎

281 51 0
                                    

Unicode

နွေဦးကိုနှစ်ခြိုက်ပါတယ်ဆိုတဲ့ကျွန်တော်ဟာ
နှင်းလုံးလေးနဲ့တူတဲ့ခင်ဗျားကြောင့်နှင်းတွေကိုတောင်ချစ်တတ်နေပြီ။

Love Of Flower

လူခြေတိတ်တဲ့ပန်းဆိုင်ဟာရှောင်းကျန့်ရဲ့
ဝင်ထွက်နေကျအရာအဖြစ်နေရာယူစေပြီဖြစ်တယ်

"ရိပေါ်"

"အင်း"

ကော်ဖီသောက်ရင်းပြန်ဖြေပုံကသိပ်ကိုအေးစက်လွန်းတာပဲ။ဒါကအမြဲတမ်းခင်ဗျားရဲ့ပုံ
စံပဲလား။ရေခဲတုံးကိုသဘောကျမိမှတော့လည်းဒီလောက်ကတော့နားလည်ပေးရမှာပေါ့။

"ကျွန်တော်ဒီကိုလာတာတစ်ပတ်ရှိပြီ"

"ခြောက်ရက်ပါ"

"အင်း ဘာပဲဖြစ်ဖြစ်ဗျာ ခင်ဗျားကသိပ်ကပ်စီးနည်းတယ်သိလား"

"ကိုယ်ကလား"

"ဟုတ်တယ် ဒီလောက်ခင်ဗျားဘေးနားတောက်တဲ့လိုတွယ်ကပ်နေတာတောင်ခင်ဗျား
နာမည်တစ်ခုပဲသိခွင့်ရတာ"

"ရှောင်းကျန့်ထင်လို့ပါ"

ခပ်တိုးတိုးခင်ဗျားရဲ့ရယ်သံဟာကျွန်တော်ကို
လှောင်ပြောင်နေသလိုပဲ။

"ဘာလဲ အသက်ငယ်လို့အထင်သေးတာလား
ကျွန်တော်ဒီလောက်ခင်ဗျားဘေးနားရှိတာတောင်ခင်ဗျားကအေးစက်နေတုံးပဲ"

"ကိုယ်ကကိုယ့်နားလာခဲ့ပါလို့ခေါ်ခဲ့တာမှ
မဟုတ်ပဲ မင်းဘာသာမင်းလာခဲ့တာလေ
ရိုက်ထုတ်ပြီးမလွတ်တာကံကောင်းတယ်ပြော"

"ဟုတ်လား ကျွန်တော်ခင်ဗျားကိုတစ်ခုမေးမယ်"

"အင်း"

"ခင်ဗျားပုံစံကသိပ်စိတ်ရှည်တဲ့ပုံလည်းမပေါ်
ပါဘူး ဘာလို့ခင်ဗျားဆီကျွန်တော်လာနေတာ
ကိုနှင်မထုတ်သလဲ"

ဖြေလိုက်စမ်းပါ ခင်ဗျားရာ ခင်ဗျားလည်း
ကျွန်တော်အပေါ်ခံစားချက်တွေရှိနေတယ်
မဟုတ်လား။

"ဒါကတော့ အင်း မင်းကနှင်ထုတ်လို့လည်း
သွားမှာမှမဟုတ်ပဲ မင်းပြောသလိုငါကကပ်စေးနည်းတယ်လေ အဲ့ဒါကြောင့်လေကုန်မခံ
ချင်တော့လို့ပေါ့ ပြီးတော့"

 𝐏 𝐑 𝐈 𝐍 𝐓 𝐄 𝐌 𝐏 𝐒Where stories live. Discover now