♡︎3♡︎

247 45 1
                                    

Unicode

အရင်ပတ်ကဖြစ်ခဲ့တဲ့အဖြစ်အပျက်နောက်မှာ
ရှောင်းကျန့်နဲ့ရိပေါ်ရဲ့အခြေအနေဟာများစွာ
တိုးတက်ခဲ့တယ်လို့ဆိုရမယ်

ဖြစ်နိုင်ရင်ရှောင်းကျန့်ကအဲ့ဒီနေ့ထဲကရိပေါ်
ကိုဖွင့်ပြောလိုက်ချင်ပြီ။ဒါပေမဲ့အရာရာကိုပေါ့ပေါ့သန်သန်တွေးတတ်တဲ့ရှောင်းကျန့်ကြောင့်ရိပေါ်မယုံကြည်မှာကိုကြောက်ရတယ် ပြီးတော့သူ့အချစ်တွေကအပေါစား
ဆန်သွားမှာကိုလည်းရှောင်းကျန့်ကအင်မတန်ကြောက်မိသေးတယ်

"ဟူး"

သက်ပြင်းချသံကျယ်ကျယ်ကြောင့်သူဟာကျွန်တော်ဘက်လှည့်ကြည့်လာပါရဲ့။တော်
သေးတာပေါ့ ကျွန်တော်ကိုလျစ်လျူမရှူသေး
ဘူးပဲ။

"ဘာတွေစိတ်ညစ်စရာရှိနေပြန်ပြီလဲ ကိုယ်
ကြောင့်လို့တော့မပြောနဲ့နော်"

အင်း ဟုတ်တယ် ခင်ဗျားကြောင့် ခင်ဗျားနဲ့
မတွေ့ရတော့မှာဆိုလို့ အဲ့ဒါကြောင့်ကျွန်တော်
သေမတတ်စိတ်ညစ်နေတာ

"ကျွန်တော်ခင်ဗျားဆီနေ့တိုင်းလာနိုင်တော့မယ်မထင်ဘူး"

ပန်းအိုးစီနေတဲ့လက်တွေနှေးကွေးသွားတာကို
ရှောင်းကျန့်ကသတိမထားမိဘူး သူကသူ့အပူ
နဲ့သူအပြင်ဘက်ကိုကြည့်လို့။

"ဘာလို့လဲ"

"ကျောင်းတွေပြန်ဖွင့်တော့မယ်လေဗျာ
နေ့တိုင်းဘယ်လိုလာနိုင်တော့မလဲ"

ရှောင်းကျန့်ရဲ့ညည်းညူသံကြောင့်ရိပေါ်ဟာ
ခိုးပြုံးမိတယ်၊စိတ်ထဲကလည်း တော်ပါသေးရဲ့ လို့ဆိုမိတယ်

"ဟုတ်လား"

ပြုံးနေတဲ့ရိပေါ်ရဲ့မျက်နှာကိုမြင်ဖြစ်အောင် မြင်သွားတဲ့ရှောင်းကျန့်ဟာလိုတာထက်မျက်နှာပိုစူပုတ်သွားတယ်

"ဘာလဲ ခင်ဗျားကခင်ဗျားကိုလာမနှောက်ယှက်မဲ့သူမရှိတော့ဘူးဆိုပြီးပျော်နေတဲ့ပေါ့
ကျွန်တော်မှာတော့ခင်ဗျားတစ်ယောက်တည်း
ဖြစ်တော့မယ်ဆိုပြီးပူပင်လိုက်ရတာ"

"ဘယ်သူပြောလဲ တစ်ယောက်တည်းဖြစ်နေမယ်လို့"

"ဟုတ်နေတာပဲလေ"

 𝐏 𝐑 𝐈 𝐍 𝐓 𝐄 𝐌 𝐏 𝐒Where stories live. Discover now